Skip to content

Lebanon အကြောင်း ကျမ်းစာအခန်းငယ်များ

11 အခန်းငယ် · 45 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်း ခြင်းငှါ၎င်း၊ စစ်မှုကို မသိသော ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် စစ်အတတ်ကို သင်၍ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများ ဟူမူကား၊

  2. ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်း ခြင်းငှါ၎င်း၊ စစ်မှုကို မသိသော ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် စစ်အတတ်ကို သင်၍ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများ ဟူမူကား၊

  3. ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။

  4. ထာဝရဘုရားသည် မောရှေအားဖြင့် ဘိုးဘေးတို့ကို မှာထားတော်မူသော ပညတ်များအတိုင်း ကျင့်မည် မကျင့်မည်ကို ထင်ရှားစေခြင်းငှါ ဣသရေလအမျိုးကို စုံစမ်းဘို့ရာ ဖြစ်သတည်း။

  5. နန်းတော်ကို လေဗနုန်တောသစ်သားဖြင့် ဆောက်၍၊ အလျားအတောင်တရာ၊ အနံအတောင် ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိ၏။ အာရဇ်တိုင် လေးစဉ်၊ အာရဇ်ရက်မများနှင့် ဆောက်၏။

  6. တိုင်တစဉ်လျှင် ဆယ်ငါးတိုင်စီရှိ၍ တိုင် ပေါင်းခြောက်ဆယ်အပေါ်မှာ အခြင်တို့ကို တင်လျက်၊ အာရဇ်ပျဉ်ပြားနှင့်မိုးလေ၏။

  7. အလင်းဝင်စရာပြတင်းပေါက်သုံးတန်စီ အဆင့် ဆင့်မျက်နှာချင်းဆိုင်လျက် တဘက်တချက်၌ ရှိကြ၏။

  8. တံခါးပေါက်ရှိသမျှတံခါးတိုင်ရှိသမျှတို့သည် စတုရန်း လေးထောင့်ဖြစ်ကြ၏။

  9. ငါသည် နှင်းကဲ့သို့ ဣသရေလအပေါ်မှာ နေမည်။ သူသည် နှင်းပွင့်ကဲ့သို့ ပွင့်လိမ့်မည်။ လေဗနုန် တောကဲ့သို့ အမြစ်စွဲလိမ့်မည်။

  10. အညွှန့်တို့သည် ပြန့်ပွါး၍၊ သံလွင်ပင်ကဲ့သို့ အသရေတင့်တယ်လိမ့်မည်။ လေဗနုန်တောကဲ့သို့ မွှေးကြိုင် လိမ့်မည်။

  11. ထိုအပင်၏ အရိပ်အောက်၌နေသောသူတို့သည် အသစ်ပြုပြင်ခြင်းရှိ၍ စပါးကိုပြုစုကြလိမ့်မည်။ စပျစ်နွယ်ပင်ကဲ့သို့ တိုးပွါး၍ လေဗနုန်စပျစ်ရည်ကဲ့သို့ ကျော်စောကြလိမ့်မည်။