Skip to content

Hushai အကြောင်း ကျမ်းစာအခန်းငယ်များ

10 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. တောင်ပေါ်သို့ ရောက်သောအခါ ဒါဝိဒ်သည် ဘုရားသခင်ကို ကိုးကွယ်၏။ အာခိမြို့သားဟုရှဲသည် လည်း အင်္ကျီကိုဆုတ်လျက် ခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ၏။

  2. ဒါဝိဒ်ကလည်း၊ သင်သည်ငါနှင့်အတူ လိုက်လျှင် ငါ့ကို နှောက်ရှက်လိမ့်မည်။

  3. မြို့သို့ပြန်၍ အဗရှလုံအား၊ အရှင်မင်းကြီး၊ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံဘူးသည်နည်းတူ ကိုယ်တော်ထံ၌ ကျွန်ခံပါမည်ဟု လျှောက်လျှင်၊ အဟိသောဖေလ ပေး သော အကြံကို ငါ့ဘက်မှာနေ၍ ဖျက်နိုင်လိမ့်မည်။

  4. မြို့တွင်သင်နှင့်အတူ ယဇ်ပုရောဟိတ်ဇာဒုတ် နှင့် အဗျာသာတို့သည် ရှိကြသည်မဟုတ်လော။ သို့ဖြစ်၍ နန်းတော်၌ ကြားသမျှကို ယဇ်ပုရောဟိတ်တို့အား ပြန် ပြောရမည်။

  5. သူတို့၌ ဇာဒုတ်၏သား အဟိမတ်နှင့် အဗျာသာ၏သား ယောနသန်သားနှစ်ယောက်ရှိကြ၏။ ကြားနိုင်သမျှကို ထိုသားတို့တွင် ငါ့ထံသို့ ပေးလိုက်ရမည်ဟု မိန့်တော်မူ သည်အတိုင်း၊

  6. ဒါဝိဒ်၏ အဆွေခင်ပွန်းဟုရှဲသည် မြို့သို့ပြန်သွား၏။ အဗေရှလုံသည်လည်း ယေရုရှလင်မြို့သို့ ဝင်လေ၏။

  7. ဒါဝိဒ်၏ အဆွေခင်ပွန်းအာခိလူဟုရှဲသည်လည်း အဗရှလုံထံသို့ ရောက်လာ၍၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်း၊ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု ကောင်းကြီးပေး၏။

  8. အဗရှလုံကလည်း၊ သင်၏အဆွေခင်ပွန်း၌ ဤသို့ကျေးဇူးပြုသလော။ သင်၏အဆွေခင်ပွန်းနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု ဟုရှဲအားဆိုလျှင်၊

  9. ဟုရှဲက၊ ထိုသို့မိန့်တော်မမူပါနှင့်။ ထာဝရဘုရားမှစ၍ ဤလူများနှင့် ဣသရေလလူများအပေါင်းတို့သည် ရွေးချယ်သောသူထံမှာ ကျွန်တော်ကျွန်ခံပါမည်။ ထိုသူထံမှာ နေပါမည်ဟူ၍၎င်း၊

  10. တဖန်အကြင်သူထံ၌ ကျွန်ခံရ၏။ ထိုသူ၏သားထံ၌ ကျွန်ခံရသည် မဟုတ်ပါလော။ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံရတူနည်းတူ ကိုယ်တော်ထံ၌လည်း ကျွန်ခံပါမည်ဟု၍၎င်း၊ အဗရှလုံအား လျှောက်ဆို၏။