Skip to content

Feasts အကြောင်း ကျမ်းစာအခန်းငယ်များ

30 အခန်းငယ် · 3 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာ ရှိတော်မူကြောင်းကို၊ ငါတို့အမှန် သိမြင်သည်ဖြစ်၍၊

  2. ငါတို့သည် သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပြု၍၊ ငြိမ်ဝပ်စွာလွှတ် လိုက်သည်နည်းတူ၊ သင်သည်ငါတို့ကို အပြစ်မပြုရဟု၊ ငါတို့တဘက်၊ သင့်တဘက်၊ နှစ်ဘက်သား တို့သည်၊ သစ္စာဂတိထား၍ မိဿဟာယဖွဲ့ကြစို့။ သင် သည် ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါ၏ဟု ဆိုကြလေသော်၊

  3. ဣဇာက်သည်၊ သူတို့အဘို့ စားသောက်ပွဲကို လုပ်၍၊ အတူစားသောက်ကြ၏။

  4. တရံရောအခါ ဗေလရှာဇာမင်းကြီးသည် မှူးမတ်တထောင်ကို ခေါ်ပြီးလျှင် ကြီးစွာသော ပွဲကို လုပ်၍၊ မှူးမတ်တထောင်နှင့်တကွ စပျစ်ရည်ကို သောက်တော်မူ၏။

  5. စပျစ်ရည်ကို မြည်းစမ်းသောအခါ၊ ယေရု ရှလင်မြို့ ဗိမာန်တော် ထဲကခမည်းတော် နေဗုခဒ်နေဇာ သိမ်းယူဆောင်ခဲ့သော ရွှေဖလား၊ ငွေဖလားတို့နှင့် ကိုယ်တော်တိုင်မှစ၍ မင်းသား၊ မိဖုရား၊ မောင်းမမိဿံ တို့သည် သောက်ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူခဲ့ရမည်ဟု အမိန့်တော်ရှိသည်အတိုင်း၊

  6. ယေရုရှလင်မြို့၌ရှိသော ဘုရားသခင်၏ ဗိမာန် တော်တိုက်ထဲက သိမ်းယူဆောင်ခဲ့သော ရွှေဖလားတို့ကို ယူခဲ့၍၊ မင်းကြီး၊ မင်းသား၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် သောက်ကြ၏။

  7. စပျစ်ရည်ကိုသောက်၍၊ ရွေဘုရား၊ ငွေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက် ဘုရားတို့ကို ချီးမွမ်းကြ၏။

  8. တဖန် ယေရှုသည် ဥပမာကိုဆောင်၍ ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊

  9. ကောင်းကင်နိုင်ငံတော်သည် မိမိသားအဘို့ ထိမ်းမြားမင်္ဂလာဆောင်ပွဲကို စီရင်သောမင်းကြီးနှင့် တူ၏။

  10. ထိုမင်းကြီးသည် ဘိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှါ လုလင်တီု့ကိုစေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ၏။

  11. တဖန် အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန် များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဘိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန်၏။

  12. သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။

  13. ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဘမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။

  14. ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။

  15. ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဘိတ် သောသူတို့သည် မထိုက်မတန်သောကြောင့်၊

  16. လမ်းမလမ်းကြားသို့သွား၍ တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဘိတ်ကြဟု အမိန့်တော်ရှိသည်အတိုင်း၊

  17. လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်းတွေ့သမျှသော လူအပေါင်းတို့ကို စုဝေး စေ၍ ပွဲတော်၌အပြည့်ရှိလေ၏။

  18. မင်းကြီးသည် ပွဲ၌ လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သောသူတယောက်ကိုမြင်လျှင်၊

  19. အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူ သည် မပြောနိုင်ဘဲနေ၏။

  20. ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲ ကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။

  21. ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟု မိန့်တော် မူ၏။

  22. ကိုယ်တော်က၊ လူတဦးသည် ကြီးစွာသောပွဲကို စီရင်၍၊ လူများတို့ကို ခေါ်ဘိတ်လေ၏။

  23. ပွဲခံချိန်ရောက်သောအခါ၊ ခေါ်ဘိတ်သောသူတို့ကို၊ လာကြပါ။ အလုံးစုံတို့သည် အသင့်ရှိပြီဟု မှာ၍ အစေအပါးကို စေလွှတ်၏။

  24. ခေါ်အပ်သော သူအပေါင်းတို့သည် တညီတညွတ်တည်းပရိယာယ်ပြုကြ၏။ တယောက်က၊ အကျွန်ုပ် သည် မြေရာကို ဝယ်ပါပြီ။ သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။

  25. တယောက်က အကျွန်ုပ်သည် နွားငါးယဉ်ကို ဝယ်ပါပြီ။ သွား၍ စမ်းရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦး လော့ဟု တောင်းပန်လေ၏။