အကြောင်းအရာသို့ ကျော်သွားရန်

Feasts အကြောင်း ကျမ်းစာအခန်းငယ်များ: Drunkenness at

4 အခန်းငယ် · 3 ရှုထောင့်

"Feasts" ကို ရှာဖွေရန်

Drunkenness at အကြောင်း အခန်းငယ်များ

  1. တရံရောအခါ ဗေလရှာဇာမင်းကြီးသည် မှူးမတ်တထောင်ကို ခေါ်ပြီးလျှင် ကြီးစွာသော ပွဲကို လုပ်၍၊ မှူးမတ်တထောင်နှင့်တကွ စပျစ်ရည်ကို သောက်တော်မူ၏။

  2. စပျစ်ရည်ကို မြည်းစမ်းသောအခါ၊ ယေရု ရှလင်မြို့ ဗိမာန်တော် ထဲကခမည်းတော် နေဗုခဒ်နေဇာ သိမ်းယူဆောင်ခဲ့သော ရွှေဖလား၊ ငွေဖလားတို့နှင့် ကိုယ်တော်တိုင်မှစ၍ မင်းသား၊ မိဖုရား၊ မောင်းမမိဿံ တို့သည် သောက်ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူခဲ့ရမည်ဟု အမိန့်တော်ရှိသည်အတိုင်း၊

  3. ယေရုရှလင်မြို့၌ရှိသော ဘုရားသခင်၏ ဗိမာန် တော်တိုက်ထဲက သိမ်းယူဆောင်ခဲ့သော ရွှေဖလားတို့ကို ယူခဲ့၍၊ မင်းကြီး၊ မင်းသား၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် သောက်ကြ၏။

  4. စပျစ်ရည်ကိုသောက်၍၊ ရွေဘုရား၊ ငွေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက် ဘုရားတို့ကို ချီးမွမ်းကြ၏။