Adoption အကြောင်း ကျမ်းစာအခန်းငယ်များ: Should lead to holiness
Should lead to holiness အကြောင်း အခန်းငယ်များ
ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့သည်ထိုသူတို့အထဲမှထွက်၍ အသီးအခြား နေကြလော့။ မစင်ကြယ်သောအရာကိုလက်နှင့်မျှ မတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကိုငါသည် လက်ခံမည်။
သင်တို့၏အဘဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့် ပြည့်စုံသောထာဝရဘုရား မိန့်တော်မူ၏။
ထိုကြောင့်ချစ်သူတို့၊ ထိုဂတိတော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။
သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍၊
ချစ်သူတို့၊ ယခုတွင်ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ နောက်မှအဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတံ့။
ထိုသို့မြော်လင့်သောသူမည်သည်ကား၊ ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူ၊ ကိုယ်ကိုကိုယ် သန့်ရှင်း စေတတ်၏။