အကြောင်းအရာသို့ ကျော်သွားရန်

Adoption အကြောင်း ကျမ်းစာအခန်းငယ်များ: Joseph's sons

4 အခန်းငယ် · 38 ရှုထောင့်

Joseph's sons အကြောင်း အခန်းငယ်များ

  1. သင်နေသော အဲဂုတ္တုပြည်သို့ ငါမရောက်မှီ၊ အဲဂုတ္တုပြည်၌ သင်ရနှင့်သော သားနှစ်ယောက်၊ ဧဖရိမ် နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည်။ ရုဗင်နှင့်ရှိမောင် ကဲ့သို့ ငါ့သားဖြစ်ရမည်။

  2. မနာရှေသည်သားဦးဖြစ်သော်လည်း၊ ဣသ ရေလသည် မိမိလက်တို့ကို ဆန့်၍လိမ္မာစွာ ပဲ့ပြင်လျက်၊ အသက်ငယ်သောသူ ဧဖရိမ်၏ခေါင်းပေါ်မှာ လက်ျာ လက်ကို တင်ပြီးလျှင်၊ လက်ဝဲလက်ကို မနာရှေ၏ ခေါင်း ပေါ်မှာ တင်၏။

  3. ငါ့ကိုခပ်သိမ်းသော ဘေးဒဏ်အထဲက ကယ် နှုတ်တော်မူသော ကောင်းကင်တမန်သည်၊ ဤသူငယ် တို့ကို ကောင်းကြီးပေးတော်မူပါစေသော။ သူတို့ကို ငါ့အမည်ဖြင့်၎င်း၊ ငါ့အဘအာဗြဟံနှင့် ဣဇာက်၏အမည် ဖြင့်၎င်း၊ ထပ်၍မှည့်ပါစေသော။ သူတို့သည် မြေကြီးပေါ် မှာ အလွန်တိုး ပွါးများပြားပါစေသောဟု မြွက်ဆို၏။

  4. ထိုမှတပါး သင်၏အစ်ကိုတို့အားပေးသည်ထက် သင့်အားသာ၍ ပေးသောအရာဟူမူကား၊ ငါ့ထား၊ ငါ့ လေးဖြင့် အာမောရိအမျိုးသားလက်မှ နှုတ်ယူသောအရာ ကို သင့်အား ငါပေးသည်ဟု ယောသပ်ကို ပြောဆို၏။