Aaron အကြောင်း ကျမ်းစာအခန်းငယ်များ: Commissioned as a deliverer of Israel
Commissioned as a deliverer of Israel အကြောင်း အခန်းငယ်များ
သို့ရာတွင် မောရှေနှင့် အာရုန်သည် ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ရမည် အကြောင်း၊ ထာဝရဘုရားသည် သူတို့ကိုခေါ်၍ ဣသရေလအမျိုးသားတို့ထံသို့၎င်း၊ အဲဂုတ္တုရှင်ဘုရင် ဖါရော မင်းထံသို့၎င်း စေခိုင်းမှာထားတော်မူ၏။
ထာဝရဘုရားက ဣသရေလအမျိုးသား ဗိုလ်ပါတို့ကို အဂုတ္တုပြည်မှ နှုတ်ဆောင်လော့ဟု မိန့်တော်မူ သောစကားကို ခံသောသူ၊
ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခြင်းငှါ၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းထံ၌ လျှောက်ရသောသူတို့သည်၊ ထိုအာရုန်နှင့်မောရှေ ဖြစ်သတည်း။
မောရှေနှင့်အာရုန်ကို ငါစေလွှတ်၍ အဲဂုတ္တုလူ တို့၌ ပြုသည်အတိုင်း၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက်၊ သင်တို့ကို နှုတ်ဆောင်လေ၏။
ယာကုပ်သည် အဲဂုတ္တုပြည်သို့ ရောက်၍၊ သင်တို့ဘိုးဘေးတို့သည် ထာဝရဘုရားအား အော်ဟစ်သော အခါ၊ မောရှေနှင့် အာရုန်ကို စေလွှတ်သဖြင့် ဘိုးဘေးတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ ဤပြည်၌ နေရာချတော်မူ၏။
မောရှေနှင့် အာရုန်တို့လက်ဖြင့် ကိုယ်တော်၏ လူများတို့ကို သိုးစုကဲ့သို့ ပို့ဆောင်တော်မူ၏။
တဖန်မိမိကျွန် မောရှေနှင့်ရွေးကောက်တော်မူသော အာရုန်ကို စေလွှတ်တော်မူ၏။
သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံ နေရာအရပ်မှ ရွေးနှုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။