အကြောင်းအရာသို့ ကျော်သွားရန်

Aaron အကြောင်း ကျမ်းစာအခန်းငယ်များ: Lineage of

10 အခန်းငယ် · 27 ရှုထောင့်

"Aaron" ကို ရှာဖွေရန်

Lineage of အကြောင်း အခန်းငယ်များ

  1. လေဝိသား အဆွေအမျိုးအလိုက်ဟူမူကား၊ ဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။ လေဝိအသက်သည် အနှစ်တရာသုံးဆယ်ခုနစ်နှစ်ရှိသတည်း။

  2. ဂေရရှုံသားအဆွေအမျိုးအလိုက် ဟူမူကား၊ လိဗနိနှင့် ရှိမိတည်း။

  3. ကောဟတ်သားကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။ ကောဟတ်အသက်သည် အနှစ်တရာသုံးဆယ်သုံးနှစ်ရှိသတည်း။

  4. မေရာရိသားကား၊ မဟာလိနှင့် မုရှိတည်း။ ဤသူတို့သည် လေဝိအဆွေအမျိုးအသီးအသီးဖြစ်သတည်း။

  5. အာမရံသည် မိမိအရီးယောခေဗက်နှင့် စုံဘက်၍၊ သူသည် အာရုန်နှင့်မောရှေကို၎င်း၊ သူတို့အစ်မ မိရိအံကို၎င်း ဘွားလေ၏။ အာမရံအသက်သည် အနှစ်တရာ သုံးဆယ်ခုနစ်နှစ်ရှိသတည်း။

  6. စာရေးတံပြု၍ ကောဟတ်အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန်၏ သားမြေးတို့သည် စာရေးတံပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ်သုံးမြို့ကို ရကြ၏။

  7. အာရုန်၏သားမြေးတို့သည် ပဌမစာရေးတံ အားဖြင့်ရသော မြို့တို့၏ အမည်များဟူမူကား၊

  8. ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။

  9. အာမရံသားကားအာရုန်၊ မောရှေ၊ မိရိအံ တည်း။ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။

  10. အာမရံသားကား အာရုန်နှင့်မောရှေတည်း။ အာရုန်နှင့်သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်း၊ နာမတော်ကိုမြွက်၍ အစဉ်ကောင်းကြီး ပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန်သန့်ရှင်း သောအရာတို့ကို သန့်ရှင်းစေခြင်းငှါ အခြားသူတို့နှင့် ခွဲထားသောသူဖြစ်ကြ၏။