- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Jerusalem
အခြားအမည်: Jerusalem's
31.7700, 35.2300 Google Maps တွင် ကြည့်ရန်
Jerusalem ကို ဖော်ပြသော အခန်းငယ်များ
ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရော ဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့ သည်ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။
ထိုအခါရှင်ဘုရင်သည် ယုဒပြည်သူ ယေရု ရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊
ယုဒပြည်သူယေရုရှလင်မြို့သား၊ ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ဗိမာန်တော်သို့တက်၍၊ ဗိမာန်တော်၌ တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဘတ်တော်မူ၏။
နောက်တဖန်ယဇ်ပုရောဟိတ်မင်း ဟိလခိ၊ ဒုတိယယဇ် ပုရောဟိတ်များနှင့် တံခါးစောင့်များတို့သည် ဗာလဘုရား၊ အာရှရပင်၊ မိုဃ်းကောင်းကင် တန်ဆာအဘို့ လုပ်သမျှသော အသုံးအဆောင်တို့ကို ဗိမာန် တော်ထဲက ထုတ်မည်အကြောင်း ရှင်ဘုရင်စီရင်သဖြင့်၊ ယေရုရှလင် မြို့ပြင်၊ ကေဒြုန်တော၌ မီးရှို့၍ပြာကို ဗေသလမြို့သို့ ဆောင်သွားကြ၏။
ယေရုရှလင်မြို့ပတ်လည် အစရှိသော ယုဒမြို့ ရွာ၌ မြင့်သော အရပ်တို့အပေါ်မှာ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ၊ ယုဒရှင်ဘုရင် ခန့်ထားသော ယဇ်ပုရောဟိတ် တို့ကို၎င်း၊ ဗာလဘုရား၊ နေလရာသီစောင့် အစရှိသော မိုဃ်းကောင်းကင်တန်ဆာတို့အား နံ့သာပေါင်းကို မီးရှို့ သော သူတို့ကို၎င်း၊ သုတ်သင်ပယ်ရှင်းတော်မူ၏။
အာရှရပင်ကိုလည်း ဗိမာန်တော်ထဲကထုတ်၍ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်ချောင်းသို့ ယူသွားသဖြင့်၊ ထိုချောင်းနားမှာ မီးရှို့ပြီးလျှင် ညက်ညက်ချေ၍၊ အမှုန့်ကို ဆင်းရဲသားသင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ၏။
မြင့်သောအရပ်နှင့်ဆိုင်သော ယဇ်ပုရောဟိတ် တို့သည်၊ ယေရုရှလင်မြို့ဗိမာန်တော် ယဇ်ပလ္လင်နားသို့ မချဉ်းရဘဲ၊ အပေါင်းအဘော်တို့နှင့် တဆေးမဲ့မုန့်ကို စားရ သော အခွင့်သာရှိကြ၏။
ဣသရေလရှင်ဘုရင်ရှောလမုန်သည် ယေရုရှလင်မြို့အရှေ့၊ ဖျက်ဆီးခြင်းတောင်လက်ျာဘက်၌ ရွံရှာဘွယ်သော ဇိဒုန်ဘုရားအာရှတရက်၊ ရွံရှာဘွယ် သော မောဘဘုရား ခေမုရှ၊ ရွံရှာဘွယ်သော အမ္မုန်ဘုရားမိလကုံအဘို့ တည်သော ကုန်းတို့ကို လည်း ရှင်ဘုရင် ညစ်ညှုးစေတော်မူ၏။
မြင့်သော အရပ်နှင့် ဆိုင်သောယဇ်ပုရောဟိတ် အပေါင်းတို့ကိုလည်း ယဇ်ပလ္လင်ပေါ်မှာ ကွပ်မျက်၍၊ လူသေအရိုးတို့ကို မီးရှို့ပြီးမှ ယေရုရှလင်မြို့သို့ ပြန်တော် မူ၏။
ယောရှိမင်းကြီးနန်းစံ ဆယ်ရှစ်နှစ်တွင် ထိုပွဲကို ယေရုရှလင်မြို့၌ ထာဝရဘုရားအား ဆောင်ကြသတည်း။
ထိုမှတပါး၊ ဗိမာန်တော်၌ ယဇ်ပုရောဟိတ် ဟိလ ခိတွေ့သော ကျမ်းစာ၌ပါသော စကားအတိုင်း ကျင့်လို သောငှါ၊ ယောရှိမင်းသည် စုန်း၊ နတ်ဝင်၊ တေရပ် ရုပ်တုမှ စ၍ ရုပ်တုဆင်းတုများကို၎င်း၊ ယေရုရှလင်မြို့နှင့် ယုဒ ပြည်လုံးတွင် ရွံရှာဘွယ်သောအရာ တွေ့သမျှတို့ကို၎င်း၊ သုတ်သင် ပယ်ရှင်းတော်မူ၏။
ဣသရေလအမျိုးကို ငါ့မျက်မှောက်မှ ပယ်ရှား သကဲ့သို့ ယုဒအမျိုးကိုလည်း ငါပယ်ရှားမည်။ ငါရွေးချယ် သော ယေရုရှလင်မြို့ကို၎င်း၊ အကြင်ဗိမာန်၌ငါ့နာမကို ငါတည်စေမည်ဟု ငါဆိုသော ဗိမာန်ကို၎င်း၊ ငါစွန့်ပစ် မည်ဟု မိန့်တော်မူ၏။
ကျွန်တို့သည် ရထားတော်ပေါ်မှာ တင်ပြီးလျှင်၊ မင်းကြီးသေစဉ်တွင် မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့ ဆောင်သွား၍ သင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိသားယောခတ်ကို ယူ၍ဘိသတ် ပေးလျက် ခမည်းတော်အရာ၌ နန်းတင်ကြ၏။
ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏ သမီးဟာမုတာလ အမည်ရှိ၏။
ဖာရောနေခေါသည် ထိုမင်းကို ယေရုရှလင် မြို့မှာ မင်းမပြုစေခြင်းငှါ ဟာမတ်ပြည်၊ ရိဗလမြို့မှာ အကျဉ်းထား၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက် တဆယ်ကိုအခွန် တောင်းလေ၏။
ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ရုမမြို့သား ပေဒဲယ၏သမီး ဇေဗုဒအမည်ရှိ၏။
အသေမခံထိုက်သော သူတို့ကို သတ်၍ သူတို့ အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များ ကို ထာဝရဘုရားသည် လွှတ်တော်မမူ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှါ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း။
ယေခေါနိသည် အသက်ဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သား ဧလနာ သန်၏သမီး နဟုတ္တအမည်ရှိ၏။
ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ ၏။
ယေရုရှလင်မြို့သား မှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲတသောင်း၊ အထူးထူးအပြားပြားသော ဆရာ သမားအပေါင်းတို့ကို သိမ်းသွား၍၊ သာမညဆင်းရဲသားမှ တပါးအဘယ်သူမျှ မကျန်ကြွင်းရ။
ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရား များ၊ အရာရှိများ၊ အားကြီးသော ပြည်သားများ အပေါင်း၊
ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌တဆယ်တနှစ်စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီး ဟာမု ဘာလအမည်ရှိ၏။
ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင့်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ၏။
ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက် နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ် ကိုးနှစ်၊ ပဉ္စမလ ခုနစ်ရက်နေ့တွင်၊ အမှုတော်ထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့ လာ၍၊