အကြောင်းအရာသို့ ကျော်သွားရန်

Uzziah

33 အခန်းငယ် · 4 မိသားစုဝင်

အခြားအမည်: Azariah, Ozias

Uzziah ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်းတို့ လက်ထက်၌၊ အာမုတ်၏သား ဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင် သော ဗျာဒိတ်တော်ကို ခံရသည်မှာ၊

  2. ဩဇိမင်းကြီးအနိစ္စရောက်သော နှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာ သည် ဗိမာန်တော်ကို ဖြည့်လေ၏။

  3. ယုဒရှင်ဘုရင်ဩဇိသားဖြစ်သော၊ ယောသံ၏ သား အာခတ်မင်းလက်ထက်၌၊ ရှုရိရှင်ဘုရင် ရေဇိန်မင်း နှင့် ဣသရေလရှင်ဘုရင် ရေမလိမင်း၏သား ပေကာမင်း တို့သည်၊ ယေရုရှလင်မြို့ကိုတိုက်ခြင်းငှါ ချီလာကြ၏။ သို့သော်လည်း၊ အကြံမမြောက်နိုင်ကြ။

  4. ယုဒရှင်ဘုရင်ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်း၊ ဣသရေလရှင်ဘုရင်ယောရှသား ယေရောဗောင်မင်းတို့လက်ထက်၊ ဗေရိ၏ သားဟောရှေ သို့ ရောက်လာသောထာဝရဘုရား၏ နှုတ်ကပတ်တော် အစအဦးဟူမူကား၊

  5. ယုဒရှင်ဘုရင် ဩဇိမင်း၊ ဣသရေလရှင်ဘုရင်ယောရှ၏သား ယေရောဗောင်မင်းတို့လက်ထက်၊ မြေကြီး မလှုပ်မှီနှစ်နှစ် အထက်က၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသားအာမုတ်သည် ဣသရေလပြည်အတွက် ခံရသော ဗျာဒိတ်တော်စကားဟူမူကား၊

  6. သင်တို့သည် ငါ့တောင်ကြားချိုင့်လမ်းဖြင့် ပြေး ကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင် မှီလိမ့် မည်။ ယုဒရှင်ဘုရင်ဩဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ သင်တို့သည် ပြေးသကဲ့သို့ တဖန်ပြေးကြလိမ့်မည်။ ငါ၏ ဘုရားသခင်ထာဝရဘုရား ကြွလာတော်မူ၍၊ မိမိသန့် ရှင်းသူအပေါင်းတို့သည် ပါကြလိမ့်မည်။

  7. အာသသားယောရှဖတ်။ ယောရှဖတ်သား ယဟောရံ။ ယဟောရံသား ဩဇိ။

  8. ဩဇိသားယောသံ။ ယောသံသား အာခတ်။ အာခတ်သား ဟေဇကိ။