အကြောင်းအရာသို့ ကျော်သွားရန်

Nebuchadnezzar

88 အခန်းငယ် · 1 မိသားစုဝင်

အခြားအမည်: Nebuchadrezzar

Nebuchadnezzar ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မီးလောင်လျက်ရှိသော မီးဖိုဝနားသို့ ချဉ်းကပ် ပြီးလျှင်၊ အမြင့်ဆုံးသော ဘုရားသခင်၏ကျွန်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ထွက်၍လာကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မီးထဲက ထွက်လာ ကြ၏။

  2. နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိတို့ဘုရားမှတပါး၊ အခြားသော ဘုရားကိုဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ မင်းကြီးအမိန့်တော်ကို ဆန်လျက်၊ မိမိတို့ကိုယ်ကိုပင် အပ်နှံသော ကျွန်တော်ရင်း တို့ရှိရာသို့၊ ထိုဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ကယ်တင်တော်မူပြီ။

  3. ငါ နေဗုခဒ်နေဇာ မင်းကြီး ကြားမှာလိုက်သည်။ မြေကြီးတပြင်လုံး၌ အရပ်ရပ်နေ၍ အသီးသီး အခြားခြား သော ဘာသာစကားကို ပြောသောလူမျိုးတကာတို့၊ သင်တို့၌ ငြိမ်ဝပ်ချမ်းသာခြင်းများပြားစေသော။

  4. ငါနေဗုခဒ်နေဇာသည် နန်းတော်၌ ငြိမ်ဝပ်စွာ နေ၍ စည်းစိမ်ကြီးစဉ်အခါ၊

  5. ထိုသို့ ငါနေဗုခဒ်နေဇာမင်းကြီးသည် မြင်မက် ရပြီ။ ယခုတွင် အချင်းဗေလတရှာဇာ၊ ငါမြင်သော အိပ်မက်အနက်ကိုဘော်ပြလော့။ ငါ့နိုင်ငံတွင် ပညာရှိ အပေါင်းတို့သည် အနက်ကို ငါ့အား မဘော်မပြနိုင်သော် လည်း၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ် နှင့်ပြည့်စုံ၍ ဘော်ပြနိုင်သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက်ကို ဒံယေလအား ပြန်ပြော၏။

  6. ထိုအမှုအရာအလုံးစုံတို့သည် နေဗုခဒ်နေဇာ မင်းကြီး အပေါ်သို့ ရောက်သည်အကြောင်းကား၊

  7. ထိုစကားကို မြွက်ဆိုစဉ်ပင်၊ ကောင်းကင်မှ သက်ရောက်သော အသံဟူမူကား၊ အိုနေဗုခဒ်နေဇာ မင်းကြီး၊ နားထောင်လော့။ နိုင်ငံတော်သည် သင့်လက်မှ ရွေ့သွားပြီ။

  8. ထိုစကားနှင့်အညီ နေဗုခဒ်နေဇာ၌ ချက်ခြင်း ဖြစ်၍၊ လူစုထဲက နှင်ထုတ်ကြလျက်၊ သူသည်နွားကဲ့သို့ မြက်ကိုစား၍ မိုဃ်းစွတ်ခြင်းကို ခံသဖြင့်၊ ကိုယ်အမွေး သည် ရွှေလင်းတအတောင်ကဲ့သို့၎င်း၊ လက်သည်း ခြေသည်းတို့သည် ငှက်ခြေသည်းကဲ့သို့၎င်းဖြစ်၏။

  9. ကာလအချိန်စေ့သောအခါ၊ ငါနေဗုခဒ်နေဇာ သည် ကောင်းကင်သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံးသောဘုရားကို ကောင်းကြီးပေး၍၊ ထာဝရ အသက်ရှင်တော်မူသော ဘုရားကို ချီးမွမ်းထောမနာ ပြု၏။ အာဏာတော်သည် ထာဝရအာဏာဖြစ်၏။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက်တည်၏။

  10. ယခုတွင် ငါ့နေဗုခဒ်နေဇာသည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန် ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့် ပြည့်စုံ၍တရားနှင့် ညီလျော်ကြ၏။ မာနထောင် လွှားသော သူတို့ကို နှိမ်ချခြင်းငှါ တတ်နိုင်တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။

  11. စပျစ်ရည်ကို မြည်းစမ်းသောအခါ၊ ယေရု ရှလင်မြို့ ဗိမာန်တော် ထဲကခမည်းတော် နေဗုခဒ်နေဇာ သိမ်းယူဆောင်ခဲ့သော ရွှေဖလား၊ ငွေဖလားတို့နှင့် ကိုယ်တော်တိုင်မှစ၍ မင်းသား၊ မိဖုရား၊ မောင်းမမိဿံ တို့သည် သောက်ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူခဲ့ရမည်ဟု အမိန့်တော်ရှိသည်အတိုင်း၊

  12. သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော သူတယောက်သည် နိုင်ငံတော်တွင် ရှိပါ၏။ ခမည်းတော်ဘုရားလက်ထက်တော်၌၊ ထိုသူတွင် ဘုရားပညာ နှင့်တူသော ပညာဉာဏ်သတ္တိ ထင်ရှားလျက် ရှိပါ၏။ ထိုသူကို ခမည်းတော်ဘုရား နေဗုခဒ်နေဇာမင်းကြီး သည် မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိ ဆရာတို့အပေါ်တွင် ဆရာအုပ်အရာ၌ ခန့်ထားတော် မူ၏။

  13. အရှင်မင်းကြီး၊ အမြင့်ဆုံးသော ဘုရားသခင် သည် ခမည်းတော် နေဗုခဒ်နေဇာမင်းကြီး၌ နိုင်ငံတော် နှင့်တကွ ရွှေဘုန်းတော်မြတ်၊ ဂုဏ်အသရေတော်ကို ပေးသနားတော်မူ၏။