- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Moses
Moses ကို ဖော်ပြသော အခန်းငယ်များ
မောရှေသည် ဘုရားသခင်ကို လျှောက်ခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သောအခါ၊ ခေရု ဗိမ်နှစ်ပါးကြားမှာ၊ သက်သေခံချက်သေတ္တာအပေါ်၌ တင်သောအဖုံးထက်သော ဘုရားသခင် ခေါ်တော်မူသံ ကို မောရှေသည်ကြား၍ ထူးလေ၏။
ထာဝရဘုရားကလည်း၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ၊
မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန်ပြု၍ မီးခုံတဘက်တချက်၌ မီးခွက်များကို ထွန်းလေ၏။
မီးခုံမူကား၊ ထာဝရဘုရားသည် မောရှေအား ပြတော်မူသော ပုံနှင့်အညီ မီးခုံတိုင်မှစ၍ ကြာပွင့်တိုင် အောင် ရွှေဖြင့် တစပ်တည်းထုလုပ်သော မီးခုံဖြစ်သ တည်း။
ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား
လေဝိသားအမှု၌၊ ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန် အစရှိသော ဣသလေရအမျိုးသား ပရိသတ် အပေါင်းတို့ သည် လေဝိသားတို့ကို ပြုကြလျှင်၊
ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့်သူ၏ သားတို့ရှေ့၌ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှောအားမှာထားတော်မူသည် အတိုင်း လူအပေါင်းတို့သည် ပြုကြ၏။
တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
အဲဂုတ္တုပြည်မှ ထွက်၍ ဒုတိယနှစ်၊ ပဌမလ၌ သိန်တောတွင် ထာဝရဘုရားသည် မောရှေအားမိန့်တော် မူသည်ကား
ဣသရေလအမျိုးသားတို့သည် ပသခါပွဲကို ခံရမည်အကြောင်း၊ မောရှေဆင့်ဆိုသည်အတိုင်း၊
သိန်တောတွင် ပဌမလ တဆယ်လေးရက်နေ့ ညဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရ ဘုရားမှာ ထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုး သားတို့သည် ပြုကြ၏။
ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သော လူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊
မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရားမိန့်တော်မူသော စကားကို ငါနားထောင်ဦး မည်ဟု ပြန်ဆို၏။
ထိုအခါ မောရှေအား ထာဝရဘုရားက၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
ထာဝရဘုရားအမိန့်တော်အတိုင်း တဲ၌ နေကြ ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းတဲ၌ နေကြ၏။ ထာဝရဘုရားအမိန့်တော်အတိုင်းလည်း ခရီးသွားကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည် အတိုင်း ထာဝရဘုရားအထံတော်၌ စောင့်နေကြ၏။
တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား
ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့် မိန့် တော်မူသည်အတိုင်း၊ ပဌမခရီးသွားခြင်းကို ပြုကြ၏။
မောရှေကလည်း၊ ထာဝရဘုရားသည် ဂတိ တော်အတိုင်း ငါတို့အား ပေးတော်မူမည်အရပ်သို့ ငါတို့ သည် ယခုခရီးသွားကြ၏။ ငါတို့နှင် အတူလိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည် ဂတိရှိပါ၏ဟု မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊
သေတ္တာတော်သွားသောအခါ၊ မောရှေက အိုထာဝရဘုရား ထတော်မူပါ။ ကိုယ်တော်၏ ရန်သူတို့ သည် လွင့်ကြပါစေသော။ ကိုယ်တော်ကို မုန်းသောသူတို့ သည် ရှေ့တော်မှ ပြေးကြပါစေသောဟူ၍၎င်း၊
လူများတို့သည် မောရှေအား အော်ဟစ်၍၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်း လေ၏။
ထိုအခါလူများအသီးအသီးတို့သည် မိမိတဲတံခါး ဝ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာ အမျက် ထွက်တော်မူ၏။ အပြစ်ရှိသည်ကို မောရှေသိမြင်လျှင်၊
ဤလူအပေါင်းတို့ကို ထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာ တင်၍ အဘယ်ကြောင့် အကျွန်ုပ် ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌ မျက်နှာမရဘဲ နေရပါသနည်း။
ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သော ဣသရေလအမျိုးသား အသက်ကြီးခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာ စုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာ တဲတော် သို့ ခေါ်ခဲ့၍ သင်နှင့်အတူ ရပ်နေကြစေလော့။
မောရှေကလည်း၊ အကျွန်ုပ်နှင့် ဆိုင်သော လူယောက်ျားအပေါင်း ခြောက်သိန်းရှိကြသည်ဖြစ်၍ ကိုယ်တော်က တလစားစရာဘို့ သူတို့အား အမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား၊
ထာဝရဘုရားက ထာဝရဘုရား လက်တို သလော။ ငါ့စကား တည်မည် မတည်မည်ကို သင်သိလိမ့် မည်ဟု မောရှေအား မိန့်တော်မူ၏။