အကြောင်းအရာသို့ ကျော်သွားရန်

Leah

32 အခန်းငယ် · 10 မိသားစုဝင်

Leah ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယာကုပ်၏မယား၊ လေအာ ဘွားမြင်သောသမီး ဒိနသည်၊ ထိုပြည်၏ အမျိုးသမီးတို့ကို အကြည့်အရှု သွားရာတွင်၊

  2. ယာကုပ်သား တကျိပ်နှစ်ပါးရှိ၏။ လေအာတွင် မြင်သော သားကား၊ ယာကုပ်၏သားဦး ရုဗင်၊ အစရှိသော ရှိမောင်၊ လေဝိ၊ယုဒ၊ ဣသခါ၊ ဇာဗုလုန်တည်း။

  3. လေအာ၏ ကျွန်မ ဇိလပ သားကား၊ ဂဒ်နှင့် အာရှာတည်း။ ဤသူတို့ကား၊ ပါဒနာရံပြည်၌ ဘွားမြင် သော ယာကုပ်၏သားများတည်း။

  4. ဤသူတို့ကား၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ်၌ ဘွားသော သားတည်း။ သမီးဒိနနှင့် တကွ၊ သားသမီးပေါင်းသုံးဆယ်သုံး။

  5. ဤသူတို့ကား၊ လာဗန်သည် သမီးလေးအာအား၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဘွားသော သား တည်း။ ပေါင်းတဆယ်ခြောက်။

  6. ထိုမြေတွင်း၌ အာဗြဟံနှင့် မယားစာရာကို သင်္ဂြိုဟ်ကြပြီ။ ဣဇာက်နှင့် မယားရေဗက္ကကိုလည်း သင်္ဂြိုဟ်ကြပြီ။ လေအာကိုလည်း ငါသင်္ဂြိုဟ်ပြီ။

  7. တံခါးဝ၌ရှိသောအသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည်သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော် မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌အသရေကျော်စောခြင်းရှိပါစေသော။