အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အရှင်ထာဝရဘုရား၏ ဘုန်းတန်ခိုးတော်များကို အမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။

  2. အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင် အောင် အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။

  3. တဖန်တုံ အိုဘုရားသခင်၊ အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏ အစွမ်းသတ္တိကို၎င်း၊ နောက်ဖြစ်လတံ့သော သူအပေါင်းတို့အား တန်ခိုးတော်ကို၎င်း၊ အကျွန်ုပ်မပြမှီတွင်၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။

  4. အိုဘုရားသခင်၊ ဖြောင့်မတ်တော်မူခြင်းတရားသည် အလွန်မြင့်ရာသို့ မှီသည်ဖြစ်၍၊ ကိုယ်တော်သည် ကြီးစွာသော အမှုတို့ကို ပြုတော်မူ၏။ အိုဘုရားသခင်၊ ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း။

  5. သို့ဖြစ်၍၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်နှင့် သစ္စာတော်ကို တယောထိုး၍ ချီးမွမ်းပါမည်။ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသော ဘုရား၊ ရှေ့တော်၌ စောင်းတီး၍ သီချင်းဆိုပါမည်။

  6. ရှေ့တော်၌ သီချင်းဆိုသောအခါ၊ ရွှင်လန်းသော နှုတ်ရှိပါလိမ့်မည်။ ရွေးတော်မူသော အကျွန်ုပ်၏ ဝိညာဉ်လည်း ရွှင်လန်းပါလိမ့်မည်။

  7. အကျွန်ုပ်၏လျှာသည်လည်း ဖြောင့်မတ်တော်မူခြင်းတရားကို အစဉ်မြွက်ဆိုပါလိမ့်မည်။ အကြောင်း မူကား၊ အကျွန်ုပ်၌ အပြစ်ပြုခြင်း အခွင့်ကို ရှာသောသူတို့သည် မျက်နှာပျက်၍ အရှက်ကွဲခြင်းသို့ ရောက်ကြပါ၏။

  8. အိုဘုရားသခင်၊ ကိုယ်တော်၏ တရားဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ်စွာ စီရင်ခြင်း အခွင့်ကို မင်းသား ဖြစ်သော ရှင်ဘုရင်အား ပေးသနားတော်မူပါ။

  9. ထိုမင်းသည် ကိုယ်တော်၏ လူတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ ကိုယ်တော်၏ဆင်းရဲသားတို့ကို တရားပေး ပါလိမ့်မည်။

  10. ထိုမင်းသည် ကိုယ်တော်၏ လူတို့တွင် ဆင်းရဲ သားတို့ကို တရားစီရင်လျက်၊ ငတ်မွတ်သောသူတို့၏ သား သမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက် ပါလိမ့်မည်။

  11. နေနှင့်လတည်သမျှသော ကာလပတ်လုံး၊ လူ အစဉ်အဆက်အပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ ကြပါလိမ့်မည်။

  12. နာမတော်သည် အစဉ်အမြဲတည်လိမ့်မည်။ နေ သည် တည်သမျှသော ကာလပတ်လုံး နာမတော်တိုးပွား လိမ့်မည်။ ကျေးဇူးတော်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြ၏၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။

  13. အံ့ဘွယ်သော အမှုတို့ကို တပါးတည်းသာ စီရင် တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

  14. ဘုန်းကြီးသော နာမတော်သည်လည်း အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်း။ မြေကြီးတပြင်လုံးသည် ဘုန်းတော်နှင့်ပြည့်စုံပါစေသတည်း။ အာမင်နှင့်အာမင်။

  15. အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်း သော သူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီး တော်မူ၏။

  16. ထိုကြောင့် ဘုရားသခင်၏ လူတို့သည် သူတို့ ထံသို့ ပြန်သွား၍ များစွာသော ရေကိုမျိုရကြ၏။

  17. ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည် နည်း။ အမြင့်ဆုံးသော ဘုရား၌ ဉာဏ်ရှိပါလိမ့်မည်လော ဟု ဆိုတတ်ကြ၏။

  18. နောက်မှဘုရားသခင်၏ သန့်ရှင်းရာ ဌာနထဲသို့ ဝင်၍၊ သူတို့၏ အဆုံးကို နားလည်ရပါ၏။

  19. အကယ်စင်စစ်ကိုယ်တော်သည် သူတို့ကို ချော သောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။

  20. အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ် မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့ အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။

  21. မိုက်သောသူ၊ ပညာမဲ့သောသူဖြစ်ပါ၏။ ရှေ့ တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ပါ၏။

  22. သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာ အစဉ်ရှိ၍၊ အကျွန်ုပ်၏လက်ျာလက်ကို ဆွဲကိုင်တော်မူ၏။

  23. အကျွန်ုပ်ကို ဉာဏ်ပေး၍ပဲ့ပြင်တော်မူမည်။ နောက်တဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။

  24. ကိုယ်တော်မှတပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ် ၌ အဘယ်သူရှိပါသနည်း။

  25. အကျွန်ုပ်၏အသားနှင့် နှလုံးသည် ပျက်ကြပါ ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ၏။