အကြောင်းအရာသို့ ကျော်သွားရန်

ဆာလံကျမ်း114

ဘုရားသခင်သည် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ ဆောင်ထုတ်တော်မူခြင်း

1
ဣသရေလအမျိုး၊ ယာကုပ်အနွှယ်သည် ရိုင်း သောလူမျိုးနေရာ အဲဂုတ္တုပြည်က ထွက်သွားသောအခါ၊
2
ယုဒအမျိုးသည် သန့်ရှင်းရာဌာနတော်ဖြစ်၏။ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ်၏။

ဘုရားသခင်၏ မျက်မှောက်တော်ကို သဘာဝက တုံ့ပြန်ခြင်း

3
ပင်လယ်သည် မြင်၍ပြေးလေ၏။ ယော်ဒန်မြစ် လည်း နောက်သို့ လှည့်လေ၏။
4
တောင်ကြီးတို့သည် သိုးကဲ့သို့၎င်း၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့သို့၎င်း ခုန်ကြ၏။

ဖန်ဆင်းခြင်းကို မေးမြန်းသော မေးခွန်း

5
အချင်းပင်လယ်၊ သင်ပြေးသည် အ ကြောင်း၊ အချင်းယော်ဒန်မြစ်၊ သင်သည် နောက်သို့လှည့် သည်အကြောင်း၊
6
အချင်းတောင်ကြီးတို့၊ သင်တို့သည် သိုးကဲ့သို့ ခုန်ကြသည်အကြောင်း၊ အချင်းတောင်ငယ်တို့၊ သင်တို့ သည် သိုးသငယ်ကဲ့သို့ ခုန်ကြသည် အကြောင်းကား အဘယ်သို့နည်း။

ထာဝရဘုရား၏ မျက်မှောက်တော်သည် ရိုသေကြောက်ရွံ့ခြင်းကို တောင်းဆိုခြင်း

7
အိုမြေကြီး၊ အရှင်၏မျက်နှာတော်ရှေ့၊ ယာကုပ် အမျိုးကိုးကွယ်သော ဘုရားသခင်၏ မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက်နေလော့။
8
ဘုရားသခင်သည် ကျောက်ကို ရေကန်၊ မီးကျောက်ကို စမ်းရေတွင်းဖြစ်စေတော်မူသတည်း။
Use arrow keys to navigate
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options