Ships အကြောင်း ကျမ်းစာအခန်းငယ်များ: Were often wrecked
Were often wrecked အကြောင်း အခန်းငယ်များ
ယောရှဖတ်သည် ဩဖိရပြည်သို့ စေလွှတ်၍၊ ရွှေကို ယူစေခြင်းငှါ တာရှုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့ မှာ တည်၏။
တာရှုသင်္ဘောတို့ကို ချိုးဖက်သော အရှေ့လေ နှင့်တွေ့သကဲ့သို့ ဖြစ်ကြ၏။
ရေဆိုင်ရာသို့ရောက်လျှင်၊ သင်္ဘောကို သောင်ပေါ်မှာ တင်စေ၍ ဦးမလှုပ်ဘဲနေသဖြင့် ပဲ့ကိုလှိုင်းတံပိုး ရိုက်သောကြောင့် ကျိုး၏။
ထိုအခါ အကျဉ်းခံသောသူတို့သည် ကုန်းသို့ ကူး၍ ပြေးမည်ကို စိုးရိမ်သောကြောင့် စစ်သူရဲတို့သည် သတ်မည်ဟုအကြံရှိကြ၏။
တပ်မှူးသည်ပေါလုကို ချမ်းသာစေခြင်းငှါ အလို ရှိသဖြင့်၊ စစ်သူရဲတို့၏အကြံကိုမြစ်တား၍၊ ကူးနိုင်သော သူတို့သည် အရင်ဆင်း၍ ကုန်းသို့ သွားစေခြင်းငှါ၎င်း၊
ကြွင်းသောသူတို့သည် ပျဉ်ပြားမှစ၍ သင်္ဘော တန်ဆာများကို စီးစေခြင်းငှါ၎င်း၊ စီရင်လေ၏။ ထိုသို့ လူအပေါင်းတို့သည် ဘေးနှင့်လွတ်၍ ကုန်းပေါ်သို့ ရောက်ကြ၏။
သုံးကြိမ်မြောက်အောင်ကြိမ်လုံးနှင့် ရိုက်ခြင်းကို၎င်း၊ တကြိမ်ခဲနှင့်ပစ်ခြင်းကို၎င်း ငါခံရပြီ။ သုံးကြိမ် မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တနေ့နှင့် တညဉ့်ပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။