Skip to content
ရှင်မဿဲခရစ်ဝင် 26:47-56

ယေရှုကို ဖမ်းဆီးခြင်း

ရှင်မဿဲခရစ်ဝင် 26:47-56
47
ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သောလူအစုအဝေးအပေါင်း တို့ သည် ထားနှင့် ဒုတ်များကို ကိုင်လျက်ပါကြ၏။
48
ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဘမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊
49
ကိုယ်တော်ရင်းသို့ ချက်ခြင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက်နမ်းလေ၏။
50
ယေရှုကလည်း၊ အဆွေ၊ အဘယ်အခင်းရှိ၍ လာသနည်းဟုမေးတော်မူပြီးမှ၊ ထိုသူများတို့သည် လာ၍ ကိုယ်တော်ကို ဆွဲကိုင်ဘမ်းဆီးကြ၏။
51
ထိုအခါ ယေရှုနှင့်ပါသောသူတယောက်သည် လက်ကိုဆန့်၍ ထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ် မင်း၏ ကျွန်တယောက်ကိုခုတ်သဖြင့် နားရွက်ပြတ်လေ၏။
52
ယေရှုကလည်း သင့်ထားကို သူ့နေရာ၌ပြန်ထားလော့။ ထားကိုကိုင်သောသူရှိသမျှတို့သည် ထားဖြင့် ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။
53
ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကို၎င်း၊ တောင်းလျှင် ကောင်းကင်တမန်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကို၎င်း၊ သင်သည်မထင်သလော။
54
သို့ဖြစ်လျှင် ဤသို့သော အမူအရာတို့သည်ဖြစ်ရမည်ဟူသော ကျမ်းစာချက်သည် အဘယ်သို့ပြည့်စုံ အံ့နည်းဟု မိန့်တော်မူ၏။
55
ထိုအခါ ယေရှုက၊ သင်တို့သည် ထားပြကိုဘမ်းသကဲ့သို့ ငါ့ကိုဘမ်းအံ့သောငှါ ထားနှင့်ဒုတ်များကို လက်စွဲလျက် လာကြသည်တကား။ ငါသည် ဗိမာန်တော်၌ နေ့တိုင်းဆုံးမဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင်နေစဉ်အခါ၊ သင်တို့သည် ငါ့ကို မဘမ်းဆီးကြ။
56
ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတို့ကို မိန့် တော်မူ၏။ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ်၍ပြေးကြ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options