Skip to content
ယောရှုမှတ်စာ 19:1-9

ယောရှုမှတ်စာ 19:1-9

1
ဒုတိယတကြိမ်စာရေးတံပြု၍၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း ၌ အမွေခံရကြ၏။
2
သူတို့အမွေမြေ၌ရှိသော မြို့များဟူမူကား၊ ဗေရ ရှေဘမြို့၊ မောလဒါမြို့၊
3
ဟာဇာရွာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊
4
ဧလတောလဒ်မြို့၊ ဗေသူလမြို့၊ ဟေမာမြို့၊
5
ဇိကလတ်မြို့၊ ဗက်မာကဗုတ်မြို့၊ ဟာဇာသုသမြို့၊
6
ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့၊ ရွာနှင့်တကွ ဆယ်သုံးမြို့တည်း။
7
ထိုမှတပါး၊ အင်ရိမ္မုန်မြို့၊ တောခင်မြို့၊ ဧသာမြို့၊ အာရှန်မြို့၊ ရွာနှင့်တကွ လေးမြို့တည်း။
8
ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာ မတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်း ကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
9
ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဘို့ထဲက နှုတ်ရ၏။ ယုဒအမျိုးသားတို့အဘို့သည် ကြီး ကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင် အမျိုးသားတို့သည် အမွေခံရကြ၏။
Settings

Reading Style

Typeface

Font Size 19px

Options