Skip to content
ကမ္ဘာဦးကျမ်း 31:3-13

ကမ္ဘာဦးကျမ်း 31:3-13

3
ထာဝရဘုရားကလည်း၊ သင်၏ဘိုးဘနေသော ပြည်၊ သင်၏အမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါ သည် သင့်ဘက်၌ရှိနေမည်ဟု ယာကုပ်အား မိန့်တော် မူ၏။
4
ယာကုပ်သည် လူကိုစေလွှတ်၍၊ ရာခေလနှင့် လေအာကို၊ သိုးစုရှိရာတောသို့ ခေါ်ပြီးလျှင်၊
5
သင်တို့အဘ၏ မျက်နှာသည် ငါ၌ရှေ့ကကဲ့သို့ မဟုတ်၊ ခြားနားသည်ကို ငါသိမြင်၏။ သို့သော်လည်း၊ ငါ့အဘ၏ဘုရားသခင်သည်၊ ငါ့ဘက်၌ ရှိတော်မူ၏။
6
သင်တို့ အဘ၏အမှုကို၊ ငါတတ်နိုင်သမျှ အတိုင်း၊ ငါစောင့်သည်ကို သင်တို့သိကြ၏။
7
သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား၍၊ ငါရထိုက်သော အခကိုဆယ်ကြိမ်လဲခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှါ၊ ဘုရားသခင်အခွင့်ပေးတော်မမူ။
8
သူက၊ ပြောက်သောအကောင်တို့သည်၊ သင်၏ အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ်ရှိသမျှတို့သည် ပြောက် သောအကောင်တို့ကို မွေးကြ၏။ ကျားသော အကောင်တို့ သည်၊ သင်၏အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ် ရှိသမျှ တို့သည် ကျားသောအကောင်တို့ကို မွေးကြ၏။
9
ထိုသို့ ဘုရားသခင်သည်၊ သင်တို့အဘ၏ တိရစ္ဆာန်တို့ကို နှုတ်၍ ငါ့အားပေးတော်မူပြီ။
10
ထိုတိရစ္ဆာန်များတို့သည်၊ ရှက်တင်ကြသော အခါ၊ ငါမြော်ကြည့်၍၊ တိရစ္ဆာန်မတို့နှင့်ပေါင်းဘော်သော တိရစ္ဆာန်အထီးရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြောင်းကို အိပ်မက်၌ ငါမြင် ရ၏။
11
ဘုရားသခင်၏ကောင်းကင်တမန်ကလည်း၊ ယာကုပ်ဟု အိပ်မက်၌ ငါ့ကိုခေါ်လျှင်၊ ကျွန်ုပ်ရှိပါ၏ဟု ငါထူး၏။
12
သူကလည်း မြော်၍ကြည့်လော့။ တိရစ္ဆာန်မနှင့် ပေါင်းဘော်သော တိရစ္ဆာန်အထီး ရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြ ၏။ အကြောင်းမူကား၊ သင်၌လာဗန်ပြုသမျှတို့ကို ငါမြင် ၏။
13
ငါကား၊ သင်သည် မှတ်တိုင်ကိုဆီလောင်း၍၊ ငါ၌ သစ္စာပြုရာ ဗေသလအရပ်၏ဘုရားဖြစ်၏။ ယခု ထ၍ ဤအရပ်မှ ထွက်သဖြင့်၊ အမျိုး သားချင်းတို့နေသော ပြည်သို့ ပြန်သွားလော့ဟု ငါ့အားမိန့်တော်မူ၏ဟု ယာကုပ်သည် ကြားပြောပြီးလျှင်၊
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options