Skip to content
ကမ္ဘာဦးကျမ်း 31:17-21

ယာကုပ်သည် ပဒန်အာရံမှ ထွက်ပြေးခြင်း

ကမ္ဘာဦးကျမ်း 31:17-21
17
ထိုအခါ ယာကုပ်သည်ထ၍၊ မိမိသားမယား တို့ကို ကုလားအုပ်ပေါ်မှာ စီးစေ၏။
18
မိမိတိရစ္ဆာန်တည်းဟူသော၊ ပါဒနာရံအရပ်၌ ရသောတိရစ္ဆာန်ရှိသမျှတို့နှင့်၊ ရတတ်သမျှသော ဥစ္စာ တို့ကို ဆောင်ယူ၍၊ အဘဣဇာက်နေရာ ခါနာန်ပြည်သို့ ခရီးသွားလေ၏။
19
လာဗန်သည် သိုးမွေးကို ညှပ်ခြင်းငှါ၊ အခြား တပါးသို့ သွားခိုက်တွင်၊ ရာခေလသည်၊ သူ၏တေရပ် ရုပ်တုတို့ကို ခိုးယူလေ၏။
20
ယာကုပ်သည် မိမိပြေးမည်အကြောင်းကို မကြားမပြောဘဲနေ၍၊ ရှုရိလူဖြစ်သော လာဗန်ကို ပရိယာယ်အားဖြင့် နိုင်လေ၏။
21
ထိုသို့မိမိဥစ္စာရှိသမျှပါလျက် ပြေးသွား၍၊ မြစ် တဘက်သို့ အလျင်အမြန်ကူးပြီးလျှင်၊ ဂိလဒ်တောင်ကို ရှေ့ရှုပြုလျက် ခရီးသွားလေ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options