အကြောင်းအရာသို့ ကျော်သွားရန်
ဓမ္မရာဇဝင်ဒုတိယစောင် 17:15-22

ဒါဝိဒ်ထံသို့ သတိပေးချက် ပို့ခြင်း

ဓမ္မရာဇဝင်ဒုတိယစောင် 17:15-22
15
ထိုအခါ ဟုရှဲသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာတို့အား၊ အဟိသောဖေလသည် ဤမည်သော အကြံကို အဗရှလုံနှင့် ဣသရေလအမျိုးအသက်ကြီးသူတို့ အားပေးပြီ။ ကျွန်ုပ်သည်လည်း ဤမည်သောအကြံကို ပေးပြီ။
16
သို့ဖြစ်၍ ဒါဝိဒ်ထံသို့အလျင်အမြန်စေလွှတ်၍ ယနေ့ညမှာ တောလွင်ပြင်၌ မနေပါနှင့်။ အလျင်အမြန် ကူးသွားပါ။ သို့မဟုတ်လျှင် ရှင်ဘုရင်နှင့်လူအပေါင်းတို့ သည် ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ကြားလျှောက် မည်အကြောင်း မှာလိုက်သဖြင့်၊
17
ယောနသန်နှင့် အဟိမတ်သည် မြို့ထဲသို့ဝင်လျှင် သူတပါးမြင်မည်စိုးသောကြောင့်၊ အင်္ရောဂေလရွာ နားမှာ နေရစဉ်တွင်၊ မိန်းမကလေးတယောက်သွား၍ ပြောသည်အတိုင်းသူတို့သည် ဒါဝိဒ်မင်းကြီးထံသို့ သွား၍ လျှောက်ကြ၏။
18
သို့ရာတွင် လူကလေးတယောက်သည် ထိုသူတို့ကိုမြင်၍ အဗရှလုံအား လျှောက်လေ၏။ သူတို့သည် အလျင်အမြန်သွား၍ ဗာဟုရိမ်မြို့တွင် အိမ်တအိမ်သို့ဝင်သဖြင့် ထိုအိမ်ဝင်းထဲမှာရှိသော ရေတွင်းသို့ ဆင်း၍၊
19
မိန်းမသည်ရေတွင်းဝကို ဖုံးပြီးမှ ဆန်ကိုလှန်း၍ ထားသောကြောင့် ထိုအမှုသည် မထင်ရှား။
20
အဗရှလုံ၏ ကျွန်တို့သည်ထိုအိမ်သို့ရောက်၍ အဟိမတ်နှင့်ယောနသန်တို့သည် အဘယ်မှာရှိသနည်းဟု မိန်းမအားမေးလျှင်၊ မိန်းမက၊ ချောင်းတဘက်သို့ ကူးကြပြီဟု ပြောသဖြင့် သူတို့သည် ရှာ၍မတွေ့သောအခါ ယေရုရှလင်မြို့သို့ပြန်သွားကြ၏။
21
ပြန်သွားသောနောက် အဟိမတ်နှင့် ယောနသန်သည် ရေတွင်းထဲကတက်၍ ဒါဝိဒ်မင်းကြီးထံသို့ သွားပြီးလျှင်၊ မြစ်တဘက်သို့ အလျင်အမြန်ထ၍ ကြွတော်မူပါ။ အဟိသောဖေလသည် ကိုယ်တော်တဘက်၌ ဤမည်သော အကြံကိုပေးပါပြီဟု လျှောက်သော်၊
22
ဒါဝိဒ်နှင့် လူအပေါင်းတို့သည် ထ၍ ယော်ဒန်မြစ်ကိုကူးကြ၏။ မိုယ်းလင်းသောအခါ မကူးသောသူတယောက် မျှမရှိ။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options