အကြောင်းအရာသို့ ကျော်သွားရန်

Watchmen အကြောင်း ကျမ်းစာအခန်းငယ်များ: Reported the approach of all strangers

10 အခန်းငယ် · 19 ရှုထောင့်

Reported the approach of all strangers အကြောင်း အခန်းငယ်များ

  1. ဒါဝိဒ်သည် မြို့တံခါးနှစ်ထပ်ကြား မှာထိုင်၍နေ၏။ ကင်းစောင့်တယောက်သည် မြို့ရိုးတံခါးအပေါ် ပြအိုးမိုးအောက်သို့ တက်၍ မြော်ကြည့်သဖြင့် လူ တယောက်တည်းပြေးလာသည်ကို မြင်သောအခါ၊

  2. ရှင်ဘုရင်အား ဟစ်၍ လျှောက်လေ၏။ ရှင်ဘုရင်ကလည်း၊ တယောက်တည်းဖြစ်လျှင် သိတင်း ပါလိမ့်မည်ဟု အမိန့်ရှိ၏။ ထိုသူသည် ပြေးလာ၍ အနီးသို့ ရောက်သောအခါ၊

  3. ကင်းစောင့်သည်လည်း အခြားသော သူပြေးလာသည်ကိုမြင်၍၊ အခြားသောသူတယောက်တည်း ပြေးလာပါသည်ဟု တံခါးသို့လှည့်၍ ဟစ်လျှင်၊ ရှင်ဘုရင်က ထိုသူ၌လည်း သိတင်းပါလိမ့်မည်ဟု အမိန့်ရှိ၏။

  4. ကင်စောင့်ကလည်း၊ ရှေ့လာသော သူ၏ပြေးခြင်းသည် ဇာဒုတ်သား အဟိမတ်ပြေးခြင်းနှင့် တူသည် ကို ကျွန်တော်ထင်ပါသည်ဟု လျှောက်သော်၊ ရှင်ဘုရင်က သူသည် လူကောင်းဖြစ်၏။ ကောင်းသော သိတင်းပါလိမ့် မည်ဟု အမိန့်ရှိပြန်၏။

  5. မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှါသွား၍၊ ငြိမ် သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ ဟုဆို၏။ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ ရောက်၍ ပြန်မလာပါဟုဆိုသော်၊

  6. ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲ တယောက်ကို စေလွှတ်ပြန်၍၊ သူသည်ရောက်သောအခါ၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင် မေးတော်မူကြောင်း ကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်း နှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက် လော့ဟု ဆို၏။

  7. စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် ရောက်၍ ပြန်မလာပါ။ လာသောသူသည် နိမ်ရှိသား ယေဟုနှင့် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါ သည်ဟုဆို၏။

  8. အကြောင်းမူကား၊ ဘုရားရှင်က၊ သင်သွား၍ ကင်းစောင့်ကိုထားလော့။ မြင်သည့်အတိုင်းပြော စေ လော့ဟု ငါ့အားမိန့်တော်မူ၏။

  9. ကင်းစောင့်သည်လည်း၊နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်းတပ်တတပ်၊ မြည်းတပ်တတပ်၊ ကုလားအုပ် တပ်တတပ်ကို မြင်၍၊ သတိနှင့် စေ့စေ့ကြည့်ရှု နားထောင် ပြီးလျှင်၊

  10. ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူ ရဲတပ်ကို မြင်ပါသည်ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော်၏။ သူ ကလည်း၊ ဗာဗုလုန်မြို့ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ဘုရားရုပ်တု ဆင်းတု ရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြ ပါသည်ဟု ထပ်၍ဆိုလေ၏။