အကြောင်းအရာသို့ ကျော်သွားရန်

Watchmen အကြောင်း ကျမ်းစာအခန်းငယ်များ: Of ministers

4 အခန်းငယ် · 19 ရှုထောင့်

Of ministers အကြောင်း အခန်းငယ်များ

  1. သူတို့ မြှားတို့သည် ထက်ကြ၏။ လေးတို့သည် လည်း တင်းလျက်ရှိကြ၏။ မြင်းခွာတို့သည် မီးကျောက် ကဲ့သို့၎င်း၊ ရထားဘီးတို့သည်လည်း၊ လေဘွေကဲ့သို့၎င်း ထင်ကြ၏။

  2. အိုယေရုရှလင်မြို့၊ နေ့ညဉ့်မပြတ် တိတ်ဆိတ်စွာ မနေရသော လူစောင့်တို့ကို သင်၏မြို့ရိုးပေါ်မှာ ငါထား ပြီ။ ထာဝရဘုရားကို အောက်မေ့စေသော သူတို့၊ တိတ် ဆိတ်စွာ မနေကြနှင့်။

  3. အချင်းလူသား၊ သင့်ကိုဣသရေလအမျိုးတွင် ကင်းစောင့်အရာ၌ ငါခန့်ထားသောကြောင့်၊ ငါသတိ ပေးသောစကားကို နားထောင်၍ သူတို့အား ဆင့်ဆို လော့။

  4. သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှါစောင့်နေကြကုန်၏။ သင်တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်း ရှိ၍၊ သူတို့သည်စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။