Skip to content

The Wolf အကြောင်း ကျမ်းစာအခန်းငယ်များ

12 အခန်းငယ် · 10 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သော တောခွေးဖြစ်လိမ့်မည်။ ဘမ်းရသော အရာကိုနံနက်အချိန်၌ ကိုက်စား၍၊ လုယူသောအရာကိုလည်း ညအချိန်၌ ဝေဖန်လိမ့်မည်ဟုမြွက်ဆို၏။

  2. တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့် မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့် မည်။ နွားသငယ်၊ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍၊လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။

  3. တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက် စားကြလိမ့်မည်။ ခြင်္သေ့သည်နွားကဲ့သို့ မြက်ကိုစားလိမ့် မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏ သန့်ရှင်းသောတောင်တပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲ ခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော် မူ၏။

  4. ထိုကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ ကို သတ်လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူတို့ကို ကိုက်စားလိမ့်မည်။ ကျားသစ်သည် သူတို့မြို့ကို စောင့်၍၊ မြို့ပြင်သို့ထွက် သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့ပြစ်မှားသော အပြစ်များ၍၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ။

  5. မင်းတို့သည်လည်း အကောင်ကို ကိုက်ဖြတ် သော တောခွေးကဲ့သို့ ပြည်အလယ်၌ဖြစ်၍၊ မတရားသော စီးပွားကို ရှာလိုသောငှါ လူအသက်ကို သတ်၍၊ သူတပါး တို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ၏။

  6. သူတို့၏ မြင်းသည် ကျားသစ်ထက် လျင်မြန်၏။ ညဉ့်၌ လည်သော တောခွေးထက် ကြမ်းတမ်း၏။ မြင်းစီး သူရဲတို့သည် အဝေးကလာ၍ ခုန်ကြလိမ့်မည်။ အကောင် ကို ကိုက်စားခြင်းငှါ လျင်မြန်သော ရွှေလင်းတကဲ့သို့ ပျံ လာကြလိမ့်မည်။

  7. မြို့အလယ်၌ မင်းများတို့သည် ဟောက်သော ခြင်္သေ့ဖြစ်ကြ၏။ တရားသူကြီးတို့သည် နံနက်တိုင်အောင် အဘယ်အရာကိုမျှမချန်မထား၊ ညဉ့်၌ လှည့်လည်တတ် သောတောခွေးဖြစ်ကြ၏။

  8. အတွင်း၌ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက် တို့ကို သတိနှင့် ရှောင်ကြလော့။

  9. တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။

  10. သင်တို့သွားလေသည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေ လွှတ်၏။

  11. သိုးများကိုပိုင်သောသိုးထိန်းမဟုတ်၊ သူငှါးဖြစ်သောသူမူကား၊ တောခွေးလာသည်ကိုမြင်လျှင်၊ သိုးတို့ကို ပြစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း၊ သိုးတို့ကို လုယက်၍ကွဲလွင့်စေ၏။

  12. အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ဝင်မည်ကို၎င်း၊