အကြောင်းအရာသို့ ကျော်သွားရန်

The Happiness of the Wicked အကြောင်း ကျမ်းစာအခန်းငယ်များ

24 အခန်းငယ် · 25 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုနေ့၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်း သော စိတ်နှင့် ထွက်သွားသော်လည်း၊ နန်းတော်တံခါးဝ မှာ မော်ဒကဲသည် ရိုသေစွာမထ၊ အလျှင်းမလှုပ်ဘဲနေ သည်ကို မြင်သောအခါ၊ မော်ဒကဲကို အလွန်အမျက် ထွက်လေ၏။

  2. သို့ရာတွင် မိမိစိတ်ကို ချုပ်တည်းလျက်သွား၍၊ မိမိအိမ်သို့ရောက်သောအခါ၊ မယားဇေရက်နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ်ပြီးလျှင်၊

  3. မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများ ကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ၍ မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက်၊

  4. နောက်မှဘုရားသခင်၏ သန့်ရှင်းရာ ဌာနထဲသို့ ဝင်၍၊ သူတို့၏ အဆုံးကို နားလည်ရပါ၏။

  5. အကယ်စင်စစ်ကိုယ်တော်သည် သူတို့ကို ချော သောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။

  6. တခဏခြင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါ ပြီတကား။

  7. အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ် မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့ အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။

  8. ဤသူတို့တွင် ဝမ်းမြောက်သော အသံ၊ ရွှင်လန်း သောအသံ၊ မင်္ဂလာဆောင်သတို့သား၏အသံ၊ သတို့သမီး ၏အသံ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ် ပျောက်စေမည်။

  9. ဤပြည်တရှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ ဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ် ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏ အမှုကို ဆောင် ရွက်ရကြလိမ့်မည်။

  10. တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတဦး၌ မြေကောင်း၍ အသီးအနှံများလှ၏။

  11. ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။

  12. ပြုမည်အကြံမူကား၊ ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကို တည်ပြီးမှ၊ ငါ၏ အသီးအနှံဥစ္စာ ရှိသမျှတို့ကို သိုထားမည်။

  13. ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထား လျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့။ ငါပြောမည်ဟု သူဌေးအကြံရှိ၏။

  14. ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဉ့်ပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေး အား မိန့်တော်မူ၏။

  15. ယဖန်တုံ၊ သူဌေးတယောက်သည် နီမောင်းသော ကမ္ဗလာနှင့်ပိတ်ချောကိုဝတ်ဆင်၍၊ ကာမဂုဏ် စည်းစိမ်၌ နေ့တိုင်းပျော်မွေ့လျက်နေ၏။

  16. လာဇရုအမည်ရှိသော သူဆင်းရဲတယောက်သည် တကိုယ်လုံး၌ အနာစိမ်းပေါက်၍၊

  17. သူဌေး၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသောစိတ်နှင့် သူဌေးအိမ် တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည် လာ၍ အနာစိမ်းများကို လျက်ကြ။

  18. တနေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ရင်ခွင်သို့ ပို့ ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။

  19. မရဏာနိုင်ငံ၌ ပြင်းပြစွာသောဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း အဝေးကမြင်လျှင်၊

  20. အိုအဘအာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသော ကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အကျွန်ုပ်ရှိရာသို့ စေ လွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။

  21. အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကို၎င်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကို၎င်း အောက်မေ့လော့။ ယခုမူကား၊ သူသည်သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာ ကို ခံရ၏။

  22. ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့၌ မင်းမြောက် တန်ဆာကိုဝတ်ဆင်၍ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ထိုသူတို့အားမိန့် တော်မူ၏။

  23. လူများတို့က၊ ဤအသံသည်လူ၏အသံမဟုတ်။ ဘုရားသခင်၏ အသံဖြစ်၏ဟု ကြွေးကြော်ကြသည် ရှိသော်၊

  24. ထိုမင်းကြီးသည် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်၊ ထိုခဏခြင်းတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒဏ်ခတ်၍၊ ကိုယ်တွင်း၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ၏။