The Feast of the Passover အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
သင်တို့သည် ငါပေးသော ပြည်သို့ရောက်၍ စပါးကို ရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်း တစည်းကို ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်းငှါ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရမည်။
ကောက်လှိုင်းကို ချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရား အဘို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
ထိုယဇ်နှင့်ဆိုင်သော ဘောဇဉ်ပူဇော်သက္ကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော ဆီနှင့်ရောသော မုန့်ညက်နှစ်ဩမဲ ဖြစ်ရမည်။ သွန်းလောင်းရာ ပူဇော်သက္ကာကား၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည်။
သင်တို့၏ ဘုရားသခင်ထံတော်သို့ ပူဇော်သက္ကာကို ဆောင်ခဲ့သောနေ့ မရောက်မှီ၌ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကို မစားရ။ သင်တို့နေရာ အရပ်ရပ်၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်တော်ဖြစ်သတည်း။
စီရင်ထုံးဖွဲ့သမျှသော ထုံးစံအတိုင်း၊ ချိန်းချက် သော ကာလအချိန်တည်းဟူသော ယခုလ တဆယ်လေး ရက်နေ့ ညဦးယံ၌ စောင့်ရကြမည်ဟု မိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့သည် ပသခါပွဲကို ခံရမည်အကြောင်း၊ မောရှေဆင့်ဆိုသည်အတိုင်း၊
သိန်တောတွင် ပဌမလ တဆယ်လေးရက်နေ့ ညဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရ ဘုရားမှာ ထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုး သားတို့သည် ပြုကြ၏။
ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သော လူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊
အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်း ရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလ အမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို မပြုစေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက်ကြ၏။
မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရားမိန့်တော်မူသော စကားကို ငါနားထောင်ဦး မည်ဟု ပြန်ဆို၏။
ထိုအခါ မောရှေအား ထာဝရဘုရားက၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
သင်တို့ အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော်၎င်း၊ ဝေးသောအရပ်သို့ ခရီးသွား သော်၎င်း၊ ထာဝရဘုရားအဘို့ ပသခါပွဲကိုခံရမည်။
ဒုတိယလတဆယ်လေးရက်နေ့ညဦးယံ၌ ပွဲခံ၍၊ သိုးသငယ်အသားကို တဆေးမပါသော မုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။
ထာဝရဘုရားအား မီးဖြင့်ပြုသော ယဇ်တည်းဟူ သော အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီး တကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်တို့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
နွားတကောင်လျှင် ဆီရောသော မုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊
သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။
အပြစ်ဖြေခြင်းကို ပြုအံ့သောငှာ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်တကောင်ကိုလည်း ပူဇော်ရမည်။
နေ့ရက်အစဉ် နံနက်တိုင်းပူဇော်သော မီးရှို့ရာ ယဇ်မှတပါး၊ ထိုယဇ်များကို ထပ်၍ ပူဇော်ရမည်။
ထိုသို့ အစဉ်အမြဲ ပူဇော်သောမီးရှို့ရာယဇ်၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအာဟာရကို ပူဇော်ရမည်။
ဒုတိယလ တဆယ်လေးရက်နေ့တွင်၊ ပသခါ သိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ သည် သတိရ၍ ကိုယ်ကိုသန့်ရှင်းစေလျက်၊ မီးရှို့ရာယဇ် တို့ကို ဗိမာန်တော်ထဲသို့ သွင်းကြ၏။
ဘုရားသခင်၏လူ မောရှေပညတ်တရား၌ စီရင်သော ထုံးစံအတိုင်း၊ မိမိတို့နေရာ၌ ရပ်နေလျက်၊ ယဇ် ပုရောဟိတ်တို့သည် လေဝိသားတို့ လက်မှ အသွေးကို ယူ၍ ဖြန်းကြ၏။
မသန့်ရှင်းသောသူအများတို့သည် ပရိသတ်၌ ပါသောကြောင့်၊ ထိုမသန့်ရှင်းသော သူရှိသမျှတို့ကို၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေခြင်းငှါ၊ ပသခါသိုးသငယ် သတ်ခြင်းအမှုကို၊ လေဝိသားတို့သည် စောင့်ရကြ၏။
များစွာသောလူတည်းဟူသော၊ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ဣသခါအမျိုး၊ ဇာဗုလုန်အမျိုးသား အများတို့သည် ကျမ်းစာ၌ပါသော တရားသို့မလိုက်၊ ကိုယ်ကိုမသန့်ရှင်းစေဘဲ၊ ပသခါ သိုးသငယ်ကိုစားကြ ၏။
သို့ရာတွင်၊ ဟေဇကိက၊ သန့်ရှင်းရာဌာနထုံးစံ အတိုင်း၊ သန့်ရှင်းခြင်းမရှိသော်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှါ၊ သဘော ကျသောသူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတို့ အဘို့ ဆုတောင်းသဖြင့်၊