အကြောင်းအရာသို့ ကျော်သွားရန်

The Apostles အကြောင်း ကျမ်းစာအခန်းငယ်များ

43 အခန်းငယ် · 26 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ် သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏။

  2. တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။

  3. ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။

  4. ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုး အသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊

  5. လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။

  6. ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊

  7. အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသမျှတို့ကိုထုတ်ဘော်၍၊ အထက်ကျမ်းစာကို ငါစီရင်ရေး ထားပါပြီ။

  8. အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံးကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏။

  9. ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော်၏ ဂတိ ကိုငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုဂတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ။

  10. ဂတိတော်အချက်ဟူမူကား၊ ယောဟန်သည်ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏။

  11. ထိုတမန်တော်တို့သည်လည်းစုဝေး၍၊ သခင်ဘုရား၊ ယခုအခါကိုယ်တော်သည် ဣသရေလ အမျိုးသား တို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လောဟု မေးလျှောက်ကြလျှင်၊

  12. သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့်စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့် သည် သင်တို့၌မရှိ။

  13. ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရ်ပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။

  14. တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော် မူ၍၊ မိုဃ်းတိမ်သည် ကိုယ်တော်ကိုမျက်ကွယ်အောင် ခံယူလေ၏။

  15. ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်းစည်းဝေး၍နေကြ၏

  16. ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေ ထိုင်သောအိမ်ကိုဖြည့်လေ၏။

  17. ထိုခဏခြင်းတွင်ကွဲပြားသော လျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌ တည် နေကြ၏။

  18. ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည်ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့်ဟောပြောကြ၏။