အကြောင်းအရာသို့ ကျော်သွားရန်

The Apostles အကြောင်း ကျမ်းစာအခန်းငယ်များ: Humility urged upon

12 အခန်းငယ် · 26 ရှုထောင့်

Humility urged upon အကြောင်း အခန်းငယ်များ

  1. ကပေရနောင်မြို့သို့ ရောက်၍ အိမ်၌ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်းဟု မေးတော်မူသည်ကို၊

  2. သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ အဘယ်သူသည်သာ၍ ကြီးမြတ်အံ့နည်းဟု လမ်း၌ အချင်းချင်းငြင်းခုံကြ၏။

  3. ထိုအခါကိုယ်တော်သည် ထိုင်လျက် တကျိပ်နှစ်ပါးတို့ခေါ်တော်မူ၍၊ အရင်အဦးဖြစ်လိုသောသူ မည် သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံစုံတို့၏ အစေခံလည်းဖြစ်ရမည်ဟု မိန့်တော်မူ၏။

  4. သူငယ်တယောက်ကိုလည်းယူ၍ သူတို့ အလယ်၌ထားပြီးမှ လက်တော်နှင့်ချီပိုက်လျက်၊

  5. အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သော သူငယ်တစုံတယောက်ကိုလက်ခံ၏။ ထိုသူ သည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါကိုသာလက်ခံသည်မဟုတ်။ ငါ့ကိုစေလွှတ် တော် မူသောသူကိုပင် လက်ခံသည်ဟု မိန့်တော်မူ၏။

  6. ထိုမှတပါး တပည့်တော်တို့သည် မိမိတို့တွင် အဘယ်သူသည် သာ၍ ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံခြင်းရှိသည်ဖြစ်၍၊

  7. ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထားသောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။

  8. သင်တို့မူကား ထိုသို့မပြုကြနှင့်၊ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ။ အုပ်စိုး သောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။

  9. အဘယ်သူသည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ် ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည်ကြီးမြတ်သည်မဟုတ်လော။ သို့သော် လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။

  10. ငါသည် စုံစမ်းနှောင့်ရှက်ခြင်းကို ခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏။

  11. ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ၊

  12. သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သောအခွင့်ကို၎င်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကို၎င်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။