Sorrow အကြောင်း ကျမ်းစာအခန်းငယ်များ: God takes notice of Hagar's
God takes notice of Hagar's အကြောင်း အခန်းငယ်များ
ဘုရားသခင်သည် လုလင်၏အသံကို ကြားတော် မူ၍ ဘုရားသခင်၏၊ ကောင်းကင်တမန်က၊ ဟာဂရ၊ သင်၌အဘယ်အမှုရှိသနည်း။ မစိုးရိမ်နှင့်။ လုလင် နေသော အရပ်ထဲက သူ၏အသံကို ဘုရားသခင် ကြား တော်မူပြီ။
ထလော့။ လုလင်ကိုကြွ၍ လက်နှင့်မလော့။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင်ထဲက ခေါ်၍ ဟာဂရအား မြွက်ဆို၏။
ထိုအခါ ဘုရားသခင်သည် ဟာဂရ၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ သူသည်ရေတွင်းကို မြင်လေသော်၊ သွား၍ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အား ရေကို တိုက်လေ၏။
ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင် ရှိတော် မူ၏။ သူသည် ကြီးပွား၍ တော၌နေသဖြင့်၊ လေးသမား ဖြစ်လေ၏။