Shewbread အကြောင်း ကျမ်းစာအခန်းငယ်များ: Unlawfully eaten by David
Unlawfully eaten by David အကြောင်း အခန်းငယ်များ
ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့်မှ တပါးအခြားသော မုန့်မရှိသောကြောင့် သန့်ရှင်းသော မုန့်ကိုပေး၏။ ထိုရှေ့တော်မုန့်စား၌ မုန့်သစ်ကို တင်ထားအံ့သောငှါ ထာဝရဘုရားရှေ့တော်မှ နှုတ်ပယ် နှင့်ပြီ။
ကိုယ်တော်က ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊
ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ မိမိမစားအပ်၊ မိမိအဘော်မစားအပ်၊ ယဇ်ပုရောဟိတ်တို့သာ စား အပ်သော ရှေ့တော်မုန့်ကို စားသည်အကြောင်းကို သင်တို့သည် မဘတ်ဘူးသလော။
ကိုယ်တော်က၊ ယဇ်ပုရောဟိတ်မင်း အဗျာသာ လက်ထက်၌ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ ဆာ မွတ်၍ မတတ်နိုင်သောအခါ၊
ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှ မစားအပ်သော ရှေ့တော် မုန့်ကိုစား၍ မိမိအဘော်တို့အား ပေးသည်အကြောင်းကို သင်တို့သည် တရံတခါမျှ မဘတ်ဘူးသလော။
ယေရှုက၊ ဒါဝိဒ်သည် မိမိအဘော်သို့နှင့်တကွ မွတ်သိပ်သောအခါ၊
ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှမစားအပ်သော ရှေ့တော် မုန့်ကို ယူစား၍၊ မိမိအဘော်တို့အားပေးသည်အကြောင်းကိုမျှ သင်တို့သည်မတတ်ဘူးသလော။