အကြောင်းအရာသို့ ကျော်သွားရန်

Shepherds အကြောင်း ကျမ်းစာအခန်းငယ်များ: (Searching out straying sheep,) of Christ seeking the lost

7 အခန်းငယ် · 24 ရှုထောင့်

(Searching out straying sheep,) of Christ seeking the lost အကြောင်း အခန်းငယ်များ

  1. ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်း ရောက်သောအခါ ကြိုးစား၍ ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကိုကြိုးစား၍ ရှာမည်။ မိုဃ်းအုံ၍မိုက်သော နေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင် မည်။

  2. ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့က၊ ဤသူသည် ဆိုးသောသူတို့ကိုလက်ခံ၍ သူတို့နှင့်အတူ စားပါသည် တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။

  3. ထိုအခါ ဥပမာစကားကို မိန့်တော်မူသည်ကား၊ သင်တို့တွင် တစုံတယောက်သောသူ၌ သိုးတရာရှိ၍၊

  4. သိုးတကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုး တကောင်ကို မတွေ့မှီတိုင်အောင်သွား၍ မရှာဘဲနေမည်လော။

  5. တွေ့ပြီးလျှင် ဝမ်းမြောက်သော စိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊

  6. မိမိအိမ်သို့ ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။

  7. ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်း ကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။