Shepherds အကြောင်း ကျမ်းစာအခန်းငယ်များ: Of Christ as the good shepherd
Of Christ as the good shepherd အကြောင်း အခန်းငယ်များ
သိုးထိန်းတဦးကိုလည်း ငါခန့်ထား၍ သူသည် ကျွေးမွေးလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် သူတို့ကို ကျွေးမွေး၍ သိုးထိန်းလုပ်ရလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား၊ ငါ၏သိုးထိန်းတဘက်၊ ငါ၏ အပေါင်းအဘော်ဖြစ်သောသူတဘက်၌ နိုးလော့။ သိုး ထိန်းကို ရိုက်သတ်လော့။ သို့ပြုလျှင်၊ သိုးတို့သည် ကွဲလွင့်ရ ကြလိမ့်မည်။ သိုးသငယ်တို့အပေါ်၌လည်း ငါသည် ငါ့ လက်ကို တင်ဦးမည်။
ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်း တော်ကို သိုးသကဲ့သို့ ငါ၏သိုးကိုလည်း ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။
ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကိုသေခြင်းမှ နှုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်၊