Skip to content

Serpent အကြောင်း ကျမ်းစာအခန်းငယ်များ: Figurative

3 အခန်းငယ် · 16 ရှုထောင့်

Figurative အကြောင်း အခန်းငယ်များ

  1. အိုဖိလိတ္တိပြည်လုံး၊ သင့်ကိုရိုက်သောကြိမ်လုံးကျိုး သည်ကိုထောက်၍၊ဝမ်းမမြောက်နှင့်။ ထိုမြွေအမျိုးထဲက မြွေဆိုးပေါက်လိမ့်မည်။ သူ၏အနွှယ်သည်လည်း ပျံတတ် သော မီးမြွေဖြစ်လိမ့်မည်။

  2. ခြင်္သေ့မ၊ ခြင်္သေ့ပျို၊ မြွေဆိုး၊ ပျံတတ်သော မီးမြွေ များသဖြင့်၊ အလွန်ခဲယဉ်း၍ ဆင်းရဲသောပြည်ကို ရှောက် လျက်၊ တောင်မျက်နှာသို့သွားသော တိရစ္ဆာန်တို့အပေါ်မှာ တင်သော ဝန်များကို ကြည့်ရှုကြလော့။ မြည်းပခုံးပေါ်မှာ ဥစ္စာပစ္စည်းများကို၎င်း၊ ကုလားအုပ်၏ ဘို့ပေါ်မှာ ဘဏ္ဍာ များကို ၎င်းတင်၍၊ ကျေးဇူးမပြုနိုင်သော လူမျိုးထံသို့ ဆောင်သွားကြသည်တကား။

  3. တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက် စားကြလိမ့်မည်။ ခြင်္သေ့သည်နွားကဲ့သို့ မြက်ကိုစားလိမ့် မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏ သန့်ရှင်းသောတောင်တပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲ ခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော် မူ၏။