Skip to content

Serpent အကြောင်း ကျမ်းစာအခန်းငယ်များ: Venom of

9 အခန်းငယ် · 16 ရှုထောင့်

Venom of အကြောင်း အခန်းငယ်များ

  1. သူတို့သည် မွတ်သိပ်ခြင်းအရှိန်ကို ခံရ၍၊ ပူလောင်ခြင်းဘေး၊ ပြင်းစွာသောဖျက်ဆီးခြင်းဘေး အား ဖြင့် ဆုံးရှုံးကြလိမ့်မည်။ သားရဲတို့၏ သွားကို၎င်း၊ မြေ၌ ကျင်လည်သော မြွေအဆိပ်ကို၎င်း၊ သူတို့၌ ငါစေလွှတ် မည်။

  2. သူတို့ စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန် သော မြွေဆိုးအဆိပ် အတောက်ဖြစ်၏။

  3. သူသည် မြွေဆိုးအဆိပ်အတောက်ကို စို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။

  4. သူတို့အဆိပ်သည် မြွေအဆိပ်နှင့်တူ၏။ နားပင်း သော မြွေဆိုးသည် မိမိနားကို ပိတ်၍၊

  5. သူတို့သည်မြွေကဲ့သို့ မိမိတို့လျှာကို သွေးတတ် ကြပါ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ် အတောက်ရှိပါ၏။

  6. ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့်။

  7. နောက်ဆုံး၌ မြွေကဲ့သို့ကိုက်တတ်၏။ မြွေဆိုး ကဲ့သို့ နာစေတတ်၏။

  8. ပေါလုသည်မြွေကို မီးထဲသို့ခါချ၍ အဘယ် ဘေးမျှမသင့်။

  9. သူသည်တကိုယ်လုံးရောင်မည်၊ တခဏခြင်း တွင်လဲ၍သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာ ငံ့လင့် သော်လည်း၊ သူ၌မကောင်းသော အပြစ်တစုံတခုကိုမျှ မမြင်လျှင် သဘောပြောင်းလဲ၍ ဤသူကားနတ် ဘုရား ဖြစ်သည်ဟု ဆိုကြ၏။