Skip to content

Sabbath အကြောင်း ကျမ်းစာအခန်းငယ်များ

239 အခန်းငယ် · 6 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်၏ဘုရားသခင် ထာဝရဘုရား မှာထား တော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို စောင့်လော့။

  2. ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။

  3. သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်း အစရှိသော သင်၏တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌ နေ သော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာ နေသကဲ့သို့၊ သင်၏ကျွန်ယောက်ျား မိန်းမ တို့သည် ငြိမ်ဝပ်စွာ နေရကြမည်။

  4. သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကို၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကို နှုတ်ဆောင် တော်မူကြောင်းကို၎င်း အောက်မေ့လော့။ ထိုအကြောင်း ကြောင့်၊ သင်သည် ဥပုပ်နေ့ကို စောင့်ရမည်ဟု သင်၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၏။

  5. ခင်ပွန်းက၊ အဘယ်ကြောင့် ယနေ့သွားချင် သနည်း။ လဆန်းနေ့မဟုတ်၊ ဥပုသ်နေ့လည်းမဟုတ်ဟု ဆိုသော်၊ မိန်းမက၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော၏။

  6. သူ၏ညီအစ်ကိုနှင့် အခြားသောကောရသိ အဆွေအမျိုးသားတို့သည် ဥပုသ်နေ့၌ ရှေ့တော်မုန့်ကို ပြင်ဆင်ရကြ၏။

  7. ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိဆင့်ဆိုသော ထားဝရ ဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက်နေသော ကာလ၊ အနှစ်ခုနစ်ဆယ် စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့်ရှိသတည်း။ ရာဇဝင်ချုပ်ဒုတိယစောင်ပြီး၏။

  8. ကိုယ်တော်တိုင်လည်း၊ သိနာတောင်ပေါ်သို့ ဆင်းသက်၍ မိုဃ်းကောင်းကင်ထဲက ဗျာဒိတ်သံကို လွှတ် သဖြင့်၊ ဟုတ်မှန်ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်ပညတ် တရားတို့ကို အပ်ပေးတော်မူ၏။

  9. သန့်ရှင်းသော ဥပုသ်နေ့ရက်တော်ကို ဘော်ပြ ၍၊ ကိုယ်တော် ကျွန်မောရှေအားဖြင့် နည်းနာဥပဒေသ ပညတ်တရားတို့ကိုလည်း ထားတော်မူ၏။

  10. ပြည်သားတို့သည် ဥပုသ်နေ့၌ ဥစ္စာ၊ စားစရာ ကိုရောင်းခြင်းငှါ ယူခဲ့လျှင်၊ ဥပုသ်နေ့ဖြစ်စေ၊ အခြား သော ဓမ္မနေ့ဖြစ်စေ မဝယ်၊ သတ္တမနှစ်တွင် လယ်လုပ် ခြင်းအမှုကိုမပြု၊ ကြွေးကိုအနိုင်မတောင်းဘဲနေပါ မည်ဟူ၍၎င်း၊ ကျိန်ဆိုလျက် သစ္စာဂတိထားကြ၏။

  11. ထိုကာလ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့ ၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကိုသွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက် လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ်နေ့၌စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘော သဖန်းသီး အစရှိသည်တို့ကိုတင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြ သည်ကို၎င်း ငါမြင်၍၊ ဤမည်သော နေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အကြား ပြော၏။

  12. ထိုအရပ်၌နေသော တုရုမြို့သားတို့သည်လည်း၊ ငါးအစရှိသည်တို့ကို ယေရုရှလင်မြို့သို့ဆောင်ခဲ့၍၊ ဥပုသ် နေ့၌ ယုဒအမျိုးသားတို့အား ရောင်းတတ်ကြ၏။

  13. ထိုအခါငါက၊ သင်တို့သည် ဥပုသ်နေ့ကို ဖျက်၍ ပြုသော ဒုစရိုက်ကား အဘယ်သို့နည်း။

  14. ဘိုးဘေးတို့သည် ထိုသို့ပြုသောကြောင့်၊ ဤမျှ လောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့၌၎င်း၊ ဤမြို့၌ ၎င်း ဘုရားသခင် ရောက်စေတော်မူသည်မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့် သာ၍ ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုး၌ ရောက်စေဦးမည်လောဟု ယုဒမှူးမတ်တို့ကို အပြစ် တင်လျက်၊

  15. အဘိတ်နေ့တွင် နေရောင်ကွယ်၍ ဥပုသ်နေ့ လွန်သည်တိုင်အောင်၊ ယေရုရှလင်မြို့တံခါးတို့ကို ပိတ် ထားရမည်အကြောင်း စီရင်၍၊ ဥပုသ်နေ့၌ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှါ မိမိကျွန်အချို့တို့ကို တံခါးတို့၌ ခန့်ထား၏။

  16. ထိုနောက် ကုန်သည်များ၊ ဥစ္စာမျိုးကို ရောင်း သောသူများတို့သည်၊ ယေရုရှလင်မြို့ပြင်မှာ တခါနှစ်ခါ အိပ်ကြ၏။

  17. ငါကလည်း၊ မြို့ရိုးပတ်လည်၌အဘယ်ကြောင့် အိပ်ကြသနည်း။ နောက်တဖန်လာ၍ အိပ်လျှင် ဘမ်းဆီး မည်ဟု သူတို့အား သတိပေး၏။ ထိုအခါမှစ၍ ဥပုသ်နေ့ တွင် မလာဘဲနေကြ၏။

  18. လေဝိသားတို့သည်လည်း၊ ဥပုသ်နေ့ကို သန့်ရှင်း စေခြင်းငှါ၊ စင်ကြယ်သောကိုယ်နှင့်လာ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား၏။ အို အကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့ တော်မူပါ။ ကရုဏာတော်များပြားသည်အတိုင်း အကျွန်ုပ် ကို ကယ်မသနားတော်မူပါ။

  19. ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍၊

  20. အမြင့်ဆုံးသောဘုရား၏ နာမတော်ကို ထောမနာသီချင်းဆိုခြင်းငှါ၎င်း၊

  21. စောင်းနှင့်တကွ ကြိုးဆယ်ပင်ရှိသော တူရိယာ၊ တယော၊ မိကျောင်းတို့ကို တီးခတ်၍၊ ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန်အစဉ်အတိုင်း ပြခြင်းငှါ၎င်း လျောက်ပတ်ပေ၏။

  22. အို ထာဝရဘုရား၊ အမှုတော်များအားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေတော်မူသည်ဖြစ်၍၊ လက် တော်နှင့် ပြုပြင်တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါမည်။

  23. အို ထာဝရဘုရား၊ စီရင်တော်မူသော အမှုတို့ သည် ကြီးမား၍၊ အကြံအစည်တော်လည်း အလွန် နက်လှပါ၏။

  24. တိရစ္ဆာန် သဘောရှိသော သူမသိ၊ မိုက်သောသူ နားမလည်သော အမှုအရာဟူမူကား၊

  25. မတရားသော သူတို့သည် မြက်ပင်ကဲ့သို့ ပေါက် ၍၊ အဓမ္မအမှုကို ပြုသော သူတို့သည် ပွင့်လန်းကြသော အခါ၊ ထာဝရပျက်စီးခြင်းသို့ ရောက်ရသော အကြောင်း ပေတည်း။