Skip to content

Reward အကြောင်း ကျမ်းစာအခန်းငယ်များ

166 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင်၊ ကရုဏာကို ပြသော ဘုရားဖြစ်၏။

  2. သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည် အကြောင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။

  3. သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်စောင့်လျှင်၊ ထိုပြည်၌ ဘေးလွတ်လျက်နေရကြလိမ့်မည်။

  4. မြေသည်လည်း မိမိ အသီးအနှံကို ပေးသဖြင့်၊ သင်တို့သည် ဝစွာစား၍ ဘေးလွတ်လျက် နေရကြ လိမ့်မည်။

  5. သင်တို့သည်၊ ငါ့ထုံးဖွဲ့ရာလိမ်းသို့လိုက်၍၊ ငါပညတ်တို့ကို ကျင့်စောင့်လျှင်၊-

  6. အချိန်တန်မှ ငါသည် သင်တို့အဘို့ မိုဃ်းရွာစေသဖြင့်၊ မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဥယျာဉ်အပင် တို့သည် အသီးသီးကြလိမ့်မည်။

  7. စပါးနင်းနယ်သော အမှုသည်၊ စပျစ်သီးညှစ်ရာ ကာလတိုင်အောင်၎င်း၊ စပျစ်သီးညှစ်သောအမှုသည်၊ မျိုးစေ့ကြဲရာ ကာလတိုင်အောင်၎င်း မှီသဖြင့်၊ သင်တို့သည် ဝစွာစား၍၊ ကိုယ်ပြည်၌ ဘေးလွတ်လျက် နေရကြလိမ့်မည်။

  8. သင်တို့ပြည်၌ စစ်မှုကို ငါငြိမ်းစေ၍၊ ခြိမ်းချောက်သောသူ မရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည်။ ဆိုးသော သားရဲတို့ကိုလည်း ငါပယ်ရှားမည်။ တပြည်လုံးသည် ထားဘေးနှင့် ကင်းလွတ်လိမ့်မည်။

  9. သင်တို့သည် ရန်သူများကို လိုက်၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။

  10. သင်တို့တွင် လူငါးယောက်သည် ရန်သူတရားကို လိုက်လိမ့်မည်။ လူတရာသည် ရန်သူတသောင်းကို ပြေးစေ၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။

  11. သင်တို့ကို ငါစောင့်မသဖြင့် တိုးပွားများပြားစေ၍၊ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ကို ငါမြဲမြံစေမည်။

  12. သိုထားသော စပါးဟောင်းကို စား၍ မကုန်မှီ၊ စပါးသစ်ပေါ်သောကြောင့်၊ အဟောင်းကို ထုတ်ရကြ မည်။

  13. ငါသည် စက်ဆုပ်ရွံရှာခြင်းမရှိဘဲ သင်တို့တွင် တဲတော်ကို တည်မည်။

  14. သင်တို့တွင်လည်း လှည့်လည်၍ သင်တို့၏ ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။

  15. အဲဂုတ္တုပြည်၌ အစေကျွန်ခံရသော သင်တို့ကို ငါလွှတ်၍ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့၏ ထမ်းဘိုးကြိုးကို ငါဖြတ်၍ သင်တို့ကို တည့်မတ်စေပြီ။

  16. သင်တို့သည် ငါ့စကားကို နားမထောင်၊ ဤပညတ်အလုံးစုံကို မစောင့်၊-

  17. ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ၍၊ မထီမဲ့မြင်ပြုလျက်၊ ငါ့ပညတ်တရားကိုမကျင့်၊ ငါ့ပဋိညာဉ်သစ္စာကို ဖျက်လျှင်၊-

  18. သင်တို့၌ ငါပြုလတံ့သောအမှုဟူမူကား၊ သင်တို့၌ မျက်စိပျက်လျက်၊ စိတ်ပူပန်လျက် ရှိစေခြင်းငှါ၊ ထိတ်လန့်သော သဘော၊ တူလာ၊ ဖျားနာတို့ကို သင်တို့အပေါ်မှာ ငါခန့်ထားမည်။ သင်တို့သည် မျိုးစေ့ကို ကြဲသော်လည်း အကျိုးမရှိ။ ရန်သူတို့သည် အသီးအနှံကို စားကြလိမ့်မည်။

  19. သင်တို့ကို ငါ မျက်နှာထား၍၊ ရန်သူရှေ့မှာ ဆုံးစေမည်။ သင်တို့သည် ရန်သူ၏ အုပ်စိုးခြင်းကို ခံရ၍၊ အဘယ်သူမျှ မလိုက်သော်လည်း၊ ပြေးကြလိမ့်မည်။

  20. ထိုမျှလောက် ခံရသော်လည်း၊ ငါ့စကားကို နားမထောင်ဘဲ နေသေးလျှင်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ငါပေးဦးမည်။

  21. သင်တို့ မာနအစွယ်ကို ငါချိုးမည်။ မိုဃ်းကောင်းကင်ကို သံကဲ့သို့၎င်း၊ မြေကြီးကို ကြေးဝါကဲ့သို့၎င်း၊ ငါဖြစ်စေသဖြင့်၊

  22. သင်တို့သည် အချည်းနှီး ကြိုးစားအားထုတ်ကြလိမ့်မည်။ သင်တို့မြေသည် မိမိဘဏ္ဍာကို မပေး။ ဥယျာဉ်အပင်တို့သည် အသီးမသီးကြ။

  23. သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့ကို ဆန့်ကျင်ဘက်ပြုလျှင်၊ သင်တို့အပြစ်အလျောက် ခုနစ်ဆ သောဘေးကြီးကို ငါသက်ရောက်စေမည်။

  24. သင်တို့၏ သားသမီးများကို ချီသွား၍၊ သင်တို့၏ တိရစ္ဆာန်များကို ဖျက်ဆီးလျက်၊ သင်တို့ကို နည်းစေခြင်း ငှါ၊ သားရဲများကို ငါစေလွှတ်သဖြင့်၊ သင်တို့သွားရာ လမ်းမတို့သည် လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။

  25. ထိုသို့ ခံရသော်လည်း၊ သင်တို့သည် သတိမရ၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊-