Skip to content

Reptiles အကြောင်း ကျမ်းစာအခန်းငယ်များ

37 အခန်းငယ် · 21 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဘွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။

  2. ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်း တို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။

  3. တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။

  4. မလွှတ်ဘူးဟုငြင်းလျှင်၊ သင်၏ပြည်တရှောက်လုံးကို ဘားတို့ဖြင့် ဒဏ်ခတ်ဦးမည်။

  5. မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မျှောင်မျိုး၊-

  6. တောက်တဲ့၊ မြွေပါ၊ သင်းချော၊ ပုတတ်၊ ပုတ်သင်တို့သည် သင်တို့၌ မစင်ကြယ်ကြ။

  7. သူတို့အသေကောင်ကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။

  8. ထိုအသေကောင်ကို စားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည် မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်။

  9. မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဘွယ်ဖြစ်၍ သင်တို့မစားရ။

  10. ခြေမရှိ၊ ဝမ်းဖြင့် သွားသည်ဖြစ်စေ၊ ခြေလေးချောင်းဖြင့် သွားသည်ဖြစ်စေ၊ ခြေလေးချောင်းမက များသော ခြေဖြင့်သွားသည်ဖြစ်စေ၊ မြေပေါ်တွားတတ်သော တိရစ္ဆာန် တစုံတခုကိုမျှ မစားရ။ ရွံရှာဘွယ် ဖြစ်၏။

  11. တွားတတ်သော တိရစ္ဆာန် တစုံတခုအားဖြင့် သင်တို့သည် ကိုယ်ကို ရွံ့ရှာဘွယ် မဖြစ်စေရ။ ထိုသို့ အားဖြင့် ကိုယ်ညစ်ညူးအောင် ကိုယ်၌မစင်ကြယ်သည်ကို မပြုရ။

  12. နောက်တဖန် သင်တို့သည် လူယောက်ျား၊ လူမိန်းမသဏ္ဍာန်၊

  13. မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်သဏ္ဍာန်၊ မြေနိမ့်ရာရေ၌ နေသော ငါးသဏ္ဍာန်ရှိသော ရုပ်တုကို၊ သင်တို့သည် ဖောက်ပြန်၍ ကိုယ့်အဘို့ မလုပ်ရမည်အ ကြောင်း၊

  14. မီးမြွေ၊ ကင်းမြီးကောက်များ၍၊ ရေမရှိ၊ အငတ် ခံရာအရပ်၊ ကြောက်မက်ဘွယ်သော တောကြီးအလယ်၌ သင့်ကို ပို့ဆောင်၍ မီးပါကျောက်ထဲက ရေကို ထွက်စေ တော်မူထသော၊

  15. သူတို့ စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန် သော မြွေဆိုးအဆိပ် အတောက်ဖြစ်၏။

  16. လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏ အကြောင်းကိုလည်း မြွက်ဆို၏။

  17. ဝိညာဉ်တော်အားဖြင့် မိုဃ်းကောင်းကင် တန်ဆာများကိုပြင်၍၊ လျင်မြန်သောနဂါးကို ကင်တန် ဆာများကိုပြင်၍၊ လျင်မြန်သော နဂါးကိုလည်း ဖန်ဆင်း တော်မူ၏။

  18. မြေခွေးတို့နှင့်ညီအစ်ကိုတော်၏။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော်ရ၏။

  19. သူတို့အဆိပ်သည် မြွေအဆိပ်နှင့်တူ၏။ နားပင်း သော မြွေဆိုးသည် မိမိနားကို ပိတ်၍၊

  20. ခရုသည် သွားစဉ်တွင် ရွေ့လျားသကဲ့သို့၎င်း၊ ပျက် သော ကိုယ်ဝန်သည် နေရောင်ကို မမြင်ရသကဲ့သို့၎င်း ဖြစ်ကြပါစေသော။

  21. သင်သည် ခြင်္သေ့နှင့်မြွေဆိုးအပေါ်မှာ ကျော် သွား၍၊ ခြင်္သေ့ပျိုနှင့်နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။

  22. သားရဲနှင့်သားယဉ်အပေါင်း၊ တွားတတ်သော တိရိစ္ဆာန်နှင့် ပျံတတ်သော ငှက်အစရှိသော၊

  23. နောက်ဆုံး၌ မြွေကဲ့သို့ကိုက်တတ်၏။ မြွေဆိုး ကဲ့သို့ နာစေတတ်၏။

  24. မျှော့ကောင်၌ပေးပါနှင့်ပေးပါဟူသော သမီးနှစ် ကောင်ရှိ၏။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား၊

  25. နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသော သူငယ်သည်လည်း၊ မြွေ ဟောက်တွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်။