အကြောင်းအရာသို့ ကျော်သွားရန်

Punishment အကြောင်း ကျမ်းစာအခန်းငယ်များ

35 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော် မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါ မည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မ အမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော် ဟစ်ရပါမည်နည်း။

  2. မတရားသောအမှုကို အကျွန်ုပ်အား အဘယ် ကြောင့်ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်း အမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသ နည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း။

  3. သို့ဖြစ်၍ တရားလျော့ပါ၏။ တရားသဖြင့် စီရင် ဆုံးဖြတ်ခြင်းမရှိပါ။ မတရားသော သူတို့သည် ဖြောင့် မတ်သောသူတို့ကို ဝိုင်းသောကြောင့်၊ မတရားသဖြင့် စီရင် ဆုံးဖြတ်ကြပါ၏။

  4. ထာဝရဘုရား အမျက်ထွက်တော်မူသော နေ့၌ သူတို့ရွှေငွေသည် သူတို့ကို မကယ်တင်နိုင်ရာ။ ဒေါသ အမျက်တော်မီးသည် တပြည်လုံးကို လောင်လိမ့်မည်။ ပြည်သူပြည်သားအပေါင်းတို့ကို အလျင်အမြန် စီရင်၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။

  5. တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကိုသာ၍ ကြောက်ကြလော့။

  6. မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။

  7. ထိုသို့သောအမှုကိုကိုယ်တိုင်ပြုလျက်ပင်၊ သူတပါးပြုသည်ကို စစ်ကြောစီရင်သောသူ၊ သင်သည် ဘုရားသခင်စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ် သလော။

  8. မတရားသောအမှုကို ပြုသောအမှုမည်သည်ကား၊ မိမိပြုသောအမှု၏ အကျိုးအပြစ်ကို ခံရလိမ့်မည်။ အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူ။

  9. အစအဦး၌ သခင်ဘုရားဟောတော်မူ၍ ဒေသနာစကားတော်ကို ကြားရသောသူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက် ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။

  10. သင်တို့သည် မိန့်တော်မူသော သူ၏စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ် ရသည်မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသော သူ၏စကားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း။