Prophecy အကြောင်း ကျမ်းစာအခန်းငယ်များ: Guilt of pretending to the gift of
Guilt of pretending to the gift of အကြောင်း အခန်းငယ်များ
ထာဝရဘုရားက၊ ထိုပရောဖက်တို့သည် ငါ၏ နာမကိုအမှီပြု၍ မုသာကို ဟောတတ်ကြ၏။ သူတို့ကို ငါမစေလွှတ်၊ မမှာထား၊ ဗျာဒိတ်မပေး။ သူတို့ ဟောပြော ချက်တို့သည် မျက်စိကို လှည့်ခြင်း၊ နတ်ပူးခြင်း၊ အချည်း နှီးကြံစည်ခြင်း၊ မိမိဉာဏ်အတိုင်း လှည့်စားခြင်း သက်သက်ဖြစ်ကြ၏။
ရှမာရိပြည်သား ပရောဖက်တို့၌လည်း၊ မိုက် သောသဘောကို ငါမြင်ပြီ။ သူတို့သည် ဗာလဘုရားကို မှီဝဲ၍ ပရောဖက်ပြုသဖြင့်၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်းစေကြပြီ။
ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဘွယ်သောသဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသော မေထုန်၌မှီဝဲလျက်၊ မုသာကိုလည်း သုံးလျက်၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့်၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့်။ ထိုသူ ရှိသမျှတို့သည် ငါ၌ သောဒုံမြို့သားကဲ့သို့၎င်း၊ ယေရု ရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့၎င်း ဖြစ်ကြ၏။
အချင်းလူသား၊ ကိုယ်အလိုအလျောက် ပရော ဖက် ပြု၍ ဟောပြောတတ်သော ဣသရေလအမျိုး ပရောဖက်တို့တဘက်၌ ဟောပြောလော့။ ထာဝရဘုရား ၏ အမိန့်တော်ကိုနားထောင်ကြဟု သူတို့အားပြောလော့။
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဘယ်အရာကိုမျှ မမြင်ဘဲ၊ ကိုယ်စိတ်အလိုသို့ လိုက် တတ်သော ပရောဖက်မိုက်တို့သည် အမင်္ဂလာရှိကြ၏။