Prophecy အကြောင်း ကျမ်းစာအခန်းငယ်များ: Pretending to the gift of
Pretending to the gift of အကြောင်း အခန်းငယ်များ
ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတပါးသော ဘုရား အခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ် ခြင်းကို ခံရမည်ဟု ငါ့အား မိန့်တော်မူ၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးမရှိရဟု၊ ငါမစေလွှတ်ဘဲ၊ ငါ့နာမကို အမှီပြု၍၊ ကိုယ်အလိုအလျောက် ဟောပြော သော ပရောဖက်တို့သည် ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ဆုံးရကြလိမ့်မည်။
ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် ပရောဖက်တို့အမှု၌ မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးကိုလည်း သောက်စေမည်။ ယေရုရှလင်မြို့သား ပရောဖက်တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မအမှုသည် တပြည်လုံးကို နှံ့ပြား လေပြီ။