Skip to content

Peace အကြောင်း ကျမ်းစာအခန်းငယ်များ

68 အခန်းငယ် · 38 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့် သင်၌၎င်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌၎င်း၊ ခိုက်ရန်မရှိပါစေနှင့်။

  2. မြေတပြင်လုံးသည် သင့်ရှေ့မှာရှိသည် မဟုတ်လော့။ ငါနှင့် ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့ သွားလျှင်၊ ငါသည် လက်ျာဘက်သို့သွားမည်။ သင်သည် လက်ျာဘက်သို့ သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့ သွားမည်ဟု ဆို၏။

  3. ငါတို့သည် သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပြု၍၊ ငြိမ်ဝပ်စွာလွှတ် လိုက်သည်နည်းတူ၊ သင်သည်ငါတို့ကို အပြစ်မပြုရဟု၊ ငါတို့တဘက်၊ သင့်တဘက်၊ နှစ်ဘက်သား တို့သည်၊ သစ္စာဂတိထား၍ မိဿဟာယဖွဲ့ကြစို့။ သင် သည် ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါ၏ဟု ဆိုကြလေသော်၊

  4. သင်တို့သည် လမ်း၌ရန်မတွေ့ကြနှင့်ဟု မှာထားလျက် အစ်ကိုတို့ကို လွှတ်လိုက်၍ သူတို့သည် သွားကြ၏။

  5. သင်တို့ပြည်၌ စစ်မှုကို ငါငြိမ်းစေ၍၊ ခြိမ်းချောက်သောသူ မရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည်။ ဆိုးသော သားရဲတို့ကိုလည်း ငါပယ်ရှားမည်။ တပြည်လုံးသည် ထားဘေးနှင့် ကင်းလွတ်လိမ့်မည်။

  6. ယုဒအမျိုးသား မော်ဒကဲသည် ရှင်ဘုရင် အာရွှေရုအောက်၌ အမြတ်ဆုံးသော အရာကိုရ၍ ယုဒလူ တို့တွင် ဘုန်းကြီး၏။ မိမိအမျိုး၏ အကျိုးစီးပွားကို ပြုစုလျက်၊ အမျိုးသားချင်းအပေါင်းတို့အား မင်္ဂလာစကားကို သာပြောလျက်၊ မိမိအမျိုးသားချင်းအပေါင်းတို့တွင် မျက်နှာရသောသူ ဖြစ်သတည်း။ ဧသတာဝတ္ထုပြီး၏

  7. အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။

  8. အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ကြလိမ့်မည်။

  9. သင်သည်ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ။

  10. ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်။ ညဉ့်အချိန်၌ပင် ငါ့နှလုံးသည် ငါ့ကို နှိုးဆော်တတ်၏။

  11. အိမ်နီးချင်း၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့်၊ လောကဝတ်စကားကို ပြောတတ် သောသူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရား သောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့်။

  12. ကောင်းမွန်သောအရာကို တွေ့မြင်မည် အကြောင်း၊ အသက်ရှင်ခြင်းနှင့်တကွ နေ့ရက်ကာလကို တောင့်တလိုချင်သော သူမည်သည်ကား၊

  13. ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုလော့။ သူတပါးနှင့်အသင့်အတင့်နေခြင်းကို ရှာ၍မှီအောင်လိုက် လော့။

  14. အကြောင်းမူကား၊ သူတို့သည် အမှုငြိမ်းစေ သော စကားကို မပြောကြပါ။ ငြိမ်ဝပ်စွာနေသော ပြည် သားတို့တဘက်၌ လျှို့ဝှက်သောအမှုများကို ကြံစည်ကြ ပါ၏။

  15. ငြိမ်သက်ခြင်းကို မုန်းသော သူတို့နှင့်အတူ၊ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား။

  16. ငါသည် ငြိမ်သက်ခြင်းဘက်မှာနေ၏။ ငါပြော လျှင်မူကား၊ သူတို့သည် စစ်တိုက်ခြင်းငှါ အလိုရှိကြ၏။

  17. ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆု တောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။

  18. သင်၏မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံ ဗိမာန်တို့၌ ချမ်းသာခြင်းရှိပါစေသော။

  19. သင်၌ငြိမ်ဝပ်ခြင်းရှိပါစေသောဟု ငါသည် ညီအစ်ကိုအတွက်၊ အဆွေခင်ပွန်းတို့အတွက် ပြောဆို ပါမည်။

  20. ကောက်သောလမ်းများသို့ လွှဲသွားသော သူတို့ ကိုကား၊ ထာဝရဘုရားသည် မတရားသဖြင့်ပြုသော သူတို့နှင့်အတူ ထုတ်သွားတော်မူမည်။ ဣသရေလအမျိုး ၌ ငြိမ်ဝပ်ခြင်း ရှိပါစေသော။

  21. မိမိသားသမီးတို့၌ ဘွားမြင်သော သားသမီး တို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလအမျိုး၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော။

  22. ညီအစ်ကိုတို့သည် သဘောတူလျက်ပေါင်းဘော် ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့် တယ်လျောက်ပတ်ပေ၏။

  23. သင်၏ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်း စေ၍၊ အကောင်းဆုံးသော စပါးနှင့် သင့်ကို ဝစွာ ကျွေးမွေးတော်မူ၏။

  24. မကောင်းသောအကြံကို ကြံသောသူတို့၏ စိတ် ထဲမှာ လှည့်စားတတ်သောသဘောရှိ၏။ ရန်ပြေစေခြင်း ငှါ အကြံပေးသော သူတို့၌ကား၊ ဝမ်းမြောက်စရာ အကြောင်းရှိ၏။

  25. ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ၍ ကောင်း၏။