အကြောင်းအရာသို့ ကျော်သွားရန်

Peace အကြောင်း ကျမ်းစာအခန်းငယ်များ: The church shall enjoy

4 အခန်းငယ် · 38 ရှုထောင့်

The church shall enjoy အကြောင်း အခန်းငယ်များ

  1. ကောက်သောလမ်းများသို့ လွှဲသွားသော သူတို့ ကိုကား၊ ထာဝရဘုရားသည် မတရားသဖြင့်ပြုသော သူတို့နှင့်အတူ ထုတ်သွားတော်မူမည်။ ဣသရေလအမျိုး ၌ ငြိမ်ဝပ်ခြင်း ရှိပါစေသော။

  2. မိမိသားသမီးတို့၌ ဘွားမြင်သော သားသမီး တို့ကိုလည်း မြင်ရလိမ့်မည်။ ဣသရေလအမျိုး၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော။

  3. ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်။ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ။

  4. ထိုကာလ၌ငါသည် သူတို့အတွက်၊ တောသားရဲ၊ မိုဃ်းကောင်းကင်ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များနှင့် မိဿဟာယဖွဲ့၍၊ လေး၊ ထား၊ စစ်တိုက် လက်နက်တို့ကို မြေပေါ်က ပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။