Midianites အကြောင်း ကျမ်းစာအခန်းငယ်များ: Completeness of their destruction, alluded to
Completeness of their destruction, alluded to အကြောင်း အခန်းငယ်များ
မိဒျန်အမျိုးကို၎င်း၊ ခိရှုန်ချောင်းနားမှာ သိသရ မင်းနှင့် ယာဘိန်မင်းကို၎င်း ပြုသကဲ့သို့ သူတို့ကို ပြုတော် မူပါ။
ထိုသူတို့သည် အင်္ဒေါရအရပ်၌ ဆုံးရှုံး၍၊ မြေ ပေါ်မှာ နောက်ချေးကဲ့သို့ ဖြစ်ကြပါ၏။
ငါတို့သည် ဘုရားသခင်၏အိမ်များကို ကိုယ်ဘို့ သိမ်းယူကြကုန်အံ့ဟု ဆိုသောဩရဘမင်းနှင့် ဇေဘမင်း ကဲ့သို့၊
အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော် မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းဘိုး၊ ကျော၌ခံရသောတုတ်ကို၎င်း၊ ညှဉ်းဆဲသောသူ၏ လှံတံကို၎င်း ချိုးတော်မူပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့၎င်း၊ ပင်လယ်ကိုလှံတံတော်နှင့် မိုးသကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊အဲဂုတ္ထု လက်ထက် ၌ကဲ့သို့တဖန် လှံတံတော်ကို ချီတော်မူမည်။