Midianites အကြောင်း ကျမ်းစာအခန်းငယ်များ: Terrified at approach of Israel
Terrified at approach of Israel အကြောင်း အခန်းငယ်များ
ဘုရားသခင်သည် တေမန်မြို့မှ၎င်း၊ သန့်ရှင်း သော ဘုရားသည် ပါရန်တောင်မှ၎င်း ကြွတော်မူ၏။ ဘုန်းတော်သည် မိုဃ်းကောင်းကင်ကို ဖုံးအုပ်လျက်၊ မြေ ကြီးသည် ဂုဏ်အသရေတော်နှင့် ပြည့်စုံလျက် ရှိ၏။
အဆင်းအရောင်တော်သည် နေရောင်ကဲ့သို့ ဖြစ်၏။ လက်တော်မှ ရောင်ခြည်သည် ထွက်၍၊ ဘုန်း အာနုဘော်တော်ကို ကွယ်ကာလေ၏။
ရှေ့တော်၌ ကာလနာဘေးသည် သွား၍၊ ပူ လောင်ခြင်းဘေးသည် ခြေတော်ကို ခြံရံလျက်ရှိ၏။
ရပ်၍ မြေကြီးကို တိုင်းတော်မူ၏။ ကြည့်ရှု၍ လူမျိုးတို့ကို တုန်လှုပ်စေတော်မူ၏။ အစဉ်အမြဲတည် သော တောင်တို့သည် ကျိုးပဲ့၍၊ ထာဝရကုန်းရိုးတို့သည် ညွတ်ကြ၏။ ထာဝရလမ်းတို့ကို ကြွတော်မူ၏။
ကုရှန်ပြည်၌ တဲတို့သည် ဆင်းရဲခံခြင်း၊ မိဒျန် ပြည်၌ ကုလားကာတို့သည် လှုပ်ရှားခြင်းကို ငါမြင်၏။