Skip to content

Hypocrites အကြောင်း ကျမ်းစာအခန်းငယ်များ

40 အခန်းငယ် · 43 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ် တို့၏အသွေးကို ငါမနှစ်သက်။

  2. သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြ သောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း။

  3. အချည်းနှီးသော ပူဇော်သက္ကကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လေဆန်နေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေး သော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့်ရောနှော သော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။

  4. ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကို မုန်း၏။ ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။

  5. သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသော ပဌနာကို ပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့ သည် အသွေးနှင့် ပြည့်ကြ၏။

  6. အကျွန်ုပ်တို့သည် အစာရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့်မြင် တော်မမူသနည်း။ အကျွန်ုပ်တို့သည် ခြိုးခြံစွာ ကျင့်သော အခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူ သနည်းဟုဆိုသော်၊ သင်တို့သည် အစာရှောင်သောနေ့၌ ကိုယ်တိုင်ပျော်မွေ့၍၊ ကျွန်တို့ကိုပင်ပန်းစွာ လုပ်စေကြ၏။

  7. သင်တို့သည် ငြင်းခုံရန်တွေ့လျက်၊ အဓမ္မ လက်ဆုပ်နှင့် ထိုးလျက် အစာရှောင်ကြ၏။ မြင့်သော အရပ်၌ မိမိတို့ အသံကို ကြားစေခြင်းငှါ၊ ယခုကာလအခါ အစာရှောင်ကြသည်မဟုတ်။

  8. ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့ သော လက္ခဏာရှိသလော။ လူသည် တရက်တွင် ခြိုးခြံစွာ ကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ ဦးချခြင်း၊ အိပ်ရာဘို့ လျော်တေ နှင့်ပြာကို ခင်းခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင်ခြင်း ဟူ၍၎င်း၊ ထာဝရဘုရားနှစ်သက်တော်မူသော နေ့ရက် ဟူ၍၎င်း မှည့်အပ်သလော။

  9. ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ် ကြောင့် ကြည့်ရှုသနည်း။

  10. ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေ ဟု အဘယ်သို့ဆိုသနည်း။

  11. လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသောတံကျင်ကိုရှေးဦးစွာထုတ်ပစ်လော့။ နောက်မှညီအစ်ကို မျက်စိ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှါ ရှင်းလင်းစွာမြင်လိမ့်မည်။

  12. ထိုအခါ ယေရုရှလင်မြို့သားဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊

  13. ရှေးဟောင်းတို့မှဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့်လွန်ကျူး ကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊

  14. ကိုယ်တော်က၊ သင်တို့သည်အဆက်ဆက်ခံသော် နည်းဥပဒေကိုအမှီပြု၍ ဘုရားသခင်၏ပညတ်တော် ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။

  15. သို့ရာတွင် အာနနိနှင့်ရှိဖိရေ အမည်ရှိသော လင်မယား နှစ်ယောက်တို့မူကား၊ ဥစ္စာတစုံတခုကို ရောင်း ပြီးလျှင်၊

  16. ထိုသူသည် မိမိခင်ပွန်းနှင့်သဘောတူလျက်၊ အဘိုးတဘို့ကို ထိမ်ဝှက်သဖြင့်၊ တဘို့ကိုသာယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။

  17. ပေတရုကလည်း၊ အာနနိ၊ သင်သည်သန့်ရှင်း သော ဝိညာဉ် တော်ကို လှည့်စား၍၊ မြေကိုရောင်းသော အဘိုး၏တဘို့ကိုထိမ်ဝှက်မည် အကြောင်း၊ စာတန်သည် သင်၏စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေ ရသနည်း။

  18. ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဘိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံ စည်သနည်း။ လူကိုသာ မုသာပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသာပြောပြီဟု ပေတရုဆို၏။

  19. ထိုစကားကိုကြားလျှင်၊ အာနနိသည်လဲ၍ သေ၏။ ထိုအကြောင်းအရာကို ကြားသောသူအပေါင်း တို့သည် အလွန်ကြောက်လန့်ခြင်း သို့ရောက်ကြ၏။

  20. လုလင်တို့သည်လည်းထ၍ အလောင်းကောင် ကို အဝတ်နှင့် ပတ်ရစ်ပြီးလျှင် ဆောင်သွား၍ သင်္ဂြိုဟ်ကြ၏။

  21. ထိုနောက်သုံးနာရီခန့်လောက်ကြာလျှင်၊ သူ၏ ခင်ပွန်းသည် ဖြစ်ခဲ့ပြီးသော အမှုအရာကို မသိဘဲလျက် ဝင်လာ၏။

  22. ပေတရုကလည်း၊ ဤမျှလောက်နှင့်မြေကိုရောင်းသလော၊ ငါ့အားပြောလောဟုမေးလျှင်၊ ထိုမိန်းမက၊ ဟုတ်ပါ၏။ ဤမျှလောက်နှင့်ပင် ရောင်းပါသည်ဟုဆို၏။

  23. ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ ဗတ္တိဇံကို ခံပြီးမှ ဖိလိပ္ပုထံ၌မှီဝဲဆည်းကပ်သဖြင့်၊ ထူးဆန်း သော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကို မြင်၍ မိန်းမောတွေဝေလျက်ရှိလေ၏။

  24. ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသော တမန်တော်တို့သည် သိတင်း ကြားလျှင်၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ၏။

  25. ထိုမြို့သူမြို့သား တို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံကို ခံရုံ မျှသာရှိသဖြင့်၊