အကြောင်းအရာသို့ ကျော်သွားရန်

Firstborn အကြောင်း ကျမ်းစာအခန်းငယ်များ

32 အခန်းငယ် · 5 ရှုထောင့်

"Firstborn" ကို ရှာဖွေရန်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်တို့၌ အဦးဘွားသောသားအပေါင်းတို့နှင့် သင်တို့၌ရှိသော တိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဘို့ အသီးအခြား ခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ ဥစ္စာဖြစ်ရကြမည်။

  2. မြည်းမ၌ အဦးဘွားသော မြည်းသငယ်ကို၊ သိုးသငယ်နှင့် ရွေးရမည်။ မရွေးလိုလျှင်၊ မြည်းသငယ် လည်ပင်းကို ချိုးရမည်။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည်။

  3. နောင်ကာလ၌ သင်၏သားကလည်း၊ အဘယ်သို့နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကို နှုတ်ဆောင်တော်မူ၏။

  4. ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူ မလွှတ်ဘဲနေသောအခါ၊ အဲဂုတ္တုပြည်၌ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဘွားသော တိရစ္ဆာန် အထီးရှိသမျှတို့ကို ထာဝရဘုရားအား ယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကို ရွေးရမည်ဟု ပြန်ဆိုရမည်။

  5. ဤအရာသည်လည်း၊ သင်၏လက္ခဏာ သက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျပ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော် မူပြီဟု လူများတို့အား ပြောဆိုလေ၏။

  6. အဦးမှည့်သောအသီး၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဘွားသော သားယောက်ျားကိုလည်း ငါ့အား ဆက်ကပ်ရမည်။

  7. ထိုနည်းတူ သိုးနွားတို့ကို ပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူ နေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အား ဆက်ကပ်ရမည်။

  8. သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သင်၏တိရစ္ဆာန်တို့တွင်လည်း၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင်၊ မြည်းသားဦးကို သိုးသငယ်နှင့် ရွေးယူရမည်။

  9. မရွေးလိုလျှင်၊ မြည်းသငယ်၏လည်ပင်းကို ချိုးရမည်။ သင်၏သားဦးအပေါင်းတို့ကို ရွေးရမည်။ ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။

  10. တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက် တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကို ရေတွက်၍ စာရင်းယူလော့။

  11. ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်း တို့အတွက် လေဝိသား တို့၌ ရှိသော တိရစ္ဆာန်များကို၎င်း၊ ငါ့အဘို့ယူလော့။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု၊

  12. မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကို ရေတွက်၍၊

  13. အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ်သုံးယောက် ရှိသတည်း။

  14. တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊

  15. ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန် များကို၎င်း ယူလော့။ လေဝိသားတို့သည် ငါ၏ လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။

  16. လေဝိသားတို့ထက်ပိုသော ဣသရေလအမျိုး သားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှု မှာ၊

  17. အကျပ်တော်အလိုက် လူတကိုယ်လျှင် ငါးကျပ်စီ ခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။

  18. ပိုသောသူတို့ပေးရသော အရွေးငွေကို၊ အာရုန် နှင့် သူ၏သားတို့အား ပေးရမည်ဟု မိန့်တော်မူသည် အတိုင်း၊

  19. လေဝိသားတို့နှင့် ဣသရေလအမျိုး သားဦးတို့ ကို ရွေး၍ ပိုသေးသော သားဦးတို့၏ အရွေးငွေကို၊

  20. မောရှေသည် အကျပ်တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင်၊

  21. ထာဝရဘုရားမှာထားတော်မူသော စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ၏သားတို့အား ပေးလေ၏။

  22. ဣသရေလ အမျိုးထဲက သူတို့ကို ရွေးကောက်၍၊ ငါ့အား အပိုင်ပေးရမည်။ ဣသရေလအမျိုးတွင် အဦး ဘွားမြင်သော သားဦးများအတွက် သူတို့ကို ငါသိမ်း ယူ၏။

  23. အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ကိုယ်အဘို့ သန့်ရှင်းစေသောကြောင့်၊ သားဦးအပေါင်းတို့ကို အထူး သဖြင့် ငါပိုင်ရမည်။

  24. တဖန် ဣသရေလအမျိုးသားဦး အပေါင်းတို့ အတွက်၊ လေဝိသားတို့ကို ငါယူ၏။

  25. အဦးဘွားသောသား၊ လူဖြစ်စေ၊ တိရစ္ဆာန် ဖြစ်စေ၊ ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှတို့ကို သင်ဆိုင်ရမည်။ သို့ရာတွင် လူ၏သားဦးနှင့် မစင်ကြယ် သော တိရစ္ဆာန်၏သားဦးကို အမှန်ရွေးရမည်။