အကြောင်းအရာသို့ ကျော်သွားရန်

Firstborn အကြောင်း ကျမ်းစာအခန်းငယ်များ: Of man and beast, reserved to Himself by God

16 အခန်းငယ် · 5 ရှုထောင့်

Of man and beast, reserved to Himself by God အကြောင်း အခန်းငယ်များ

  1. သင်တို့၌ အဦးဘွားသောသားအပေါင်းတို့နှင့် သင်တို့၌ရှိသော တိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရားအဘို့ အသီးအခြား ခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ ဥစ္စာဖြစ်ရကြမည်။

  2. မြည်းမ၌ အဦးဘွားသော မြည်းသငယ်ကို၊ သိုးသငယ်နှင့် ရွေးရမည်။ မရွေးလိုလျှင်၊ မြည်းသငယ် လည်ပင်းကို ချိုးရမည်။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည်။

  3. နောင်ကာလ၌ သင်၏သားကလည်း၊ အဘယ်သို့နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားသည် အားကြီးသော လက်တော်ဖြင့် ငါတို့ကို နှုတ်ဆောင်တော်မူ၏။

  4. ဖာရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူ မလွှတ်ဘဲနေသောအခါ၊ အဲဂုတ္တုပြည်၌ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဘွားသော တိရစ္ဆာန် အထီးရှိသမျှတို့ကို ထာဝရဘုရားအား ယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကို ရွေးရမည်ဟု ပြန်ဆိုရမည်။

  5. ဤအရာသည်လည်း၊ သင်၏လက္ခဏာ သက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျပ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော် မူပြီဟု လူများတို့အား ပြောဆိုလေ၏။

  6. အဦးမှည့်သောအသီး၊ အဦးညှစ်သောအရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဘွားသော သားယောက်ျားကိုလည်း ငါ့အား ဆက်ကပ်ရမည်။

  7. ထိုနည်းတူ သိုးနွားတို့ကို ပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသငယ်ကို အမိနှင့်အတူ နေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အား ဆက်ကပ်ရမည်။

  8. သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သင်၏တိရစ္ဆာန်တို့တွင်လည်း၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင်၊ မြည်းသားဦးကို သိုးသငယ်နှင့် ရွေးယူရမည်။

  9. မရွေးလိုလျှင်၊ မြည်းသငယ်၏လည်ပင်းကို ချိုးရမည်။ သင်၏သားဦးအပေါင်းတို့ကို ရွေးရမည်။ ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။

  10. အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ကိုယ်အဘို့ သန့်ရှင်းစေသောကြောင့်၊ သားဦးအပေါင်းတို့ကို အထူး သဖြင့် ငါပိုင်ရမည်။

  11. တဖန် ဣသရေလအမျိုးသားဦး အပေါင်းတို့ အတွက်၊ လေဝိသားတို့ကို ငါယူ၏။

  12. သင်၏သိုးနွားတို့တွင် အဦးဘွားသော အထီးရှိ သမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းစေရမည်။ အဦးဘွားသောနွား၊ အဦးဘွားသော သိုးကို မသုံးဆောင်ရ။

  13. ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ထိုသိုးနွားတို့ကို နှစ်စဉ်မပြတ် အိမ်သူအိမ်သားတို့နှင့် တကွ ကိုယ်တိုင်စားရမည်။

  14. ထိုသိုးနွားတို့၌ ခြေဆွံ့၊ မျက်စိကန်း အစရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ်၊ အခြားသောအပြစ် တစုံတခု ရှိလျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်မပူ ဇော်ရ။

  15. သင့်နေရာအရပ်၌ စားရမည်။ သမင်၊ ဒရယ်ကို စားသကဲ့သို့ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့ သည် အတူစားရကြမည်။

  16. သို့ရာတွင် အသွေးကို မစားရ။ ရေကို သွန်သကဲ့ သို့ မြေပေါ်မှာသွန်ရမည်။