Dreams အကြောင်း ကျမ်းစာအခန်းငယ်များ: Consulting magicians on
Consulting magicians on အကြောင်း အခန်းငယ်များ
အိပ်မက်တော်ကို ပြန်ပြောစေခြင်းငှါ မာဂု ပညာရှိ၊ ဗေဒင်တတ်၊ သူပြုဆရာ၊ ခါလဒဲဆရာတို့ကို ခေါ်ချေဟု အမိန့်တော်ရှိသည်အတိုင်း၊ သူတို့သည် အထံတော်သို့ ရောက်လာကြသည်ရှိသော်၊
ရှင်ဘုရင်က၊ ငါသည် အိပ်မက်ကိုမြင်ပြီ။ ထိုအိပ်မက်ကိုမသိ၊ နားမလည်သည်ဖြစ်၍ စိတ်မအီ မသာရှိသည်ဟု မိန့်တော်မူ၏။
ခါလဒဲပညာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါစေ။ အကျွန်ုပ်တို့အား အိပ်မက်တော်ကို မိန့်တော်မူပါ။ အကျွန်ုပ်တို့သည် အနက်ကို ဘော်ပြပါမည်ဟု၊ ရှုရိဘာသာဖြင့် လျှောက် ကြ၏။