Skip to content

Dedication အကြောင်း ကျမ်းစာအခန်းငယ်များ

213 အခန်းငယ် · 28 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သူ၏ညီရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသလေ၊ ယုဒ၊ ဟာနနိတို့သည် ဘုရားသခင်၏ လူဒါဝိဒ်၏ တုရိယာမျိုးကို ကိုင်လျက်လိုက်ကြ၏။ ကျမ်း တတ်ဆရာ ဧဇရသည် သူတို့ရှေ့မှာ သွား၏။

  2. သူတို့တဘက်တချက်၌ ရှိသောစမ်းရေတွင်း တံခါးသို့ရောက်မှ မြို့ရိုးတက်ရာ၊ ဒါဝိဒ်မြို့လှေကားဖြင့် တက်၍၊ ဒါဝိဒ်အိမ်တော်အထက် အရှေ့မျက်နှာ၌ ရေတံခါးတိုင်အောင် သွားကြ၏။

  3. သီချင်းသည် တစုကား၊ လက်ဝဲဘက်သို့လှည့်၍၊ ငါနှင့်တဝက် သောလူများတို့သည် မြို့ရိုးပေါ်၊ မီးဖိုပြအိုးမှ ကျယ်သောမြို့ရိုးတိုင်အောင် လိုက်ကြ၏။

  4. ဧဖရိမ်တံခါး၊ ဟောင်းသောတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုး၊ မေအာပြအိုးအထက်မှစ၍ သိုးတံခါး တိုင်အောင် လိုက်သဖြင့်၊ ထောင်တံခါးဝတွင် ရပ်နေ ကြ၏။

  5. တဖန် သီချင်းသည်နှစ်စုသည် ဘုရားသခင် အိမ်တော်တွင် ရပ်၍၊ တဝက်သော မင်းအရာရှိတို့သည် ငါနှင့်အတူ၊

  6. တံပိုးကိုင်သောယဇ်ပုရောဟိတ် ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိဩနဲ၊ ဇာခရိ၊ ဟာနနိ နှင့်တကွ၊

  7. မာသေယ၊ ရှေမာယ၊ ဧလာဇာ၊ ဩဇိ၊ ယောဟ နန်၊ မာလခိယ၊ ဧလံ၊ ဧဇာ တို့သည်ရှိကြ၏။ သီချင်းသည် တို့သည် ဆရာယေဇရာဟိနှင့်တကွ အသံကိုလွှင့်၍ ဆိုကြ၏။

  8. ထိုနေ့၌ များစွာသော ယဇ်တို့ကို ပူဇော်ကြ၏။ အလွန် ဝမ်းမြောက်သောအခွင့်ကို ဘုရားသခင်ပေးတော် မူသောကြောင့်၊ သားမယားနှင့်တကွ ဝမ်းမြောက်ခြင်းကို ပြု၍ ယေရုရှလင်မြို့ ဝမ်းမြောက်သံကို ဝေးသောအရပ်၌ ကြားရကြ၏။

  9. သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကိုကျင့်ရသော အခွင့်ရှိစေခြင်းငှါ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။

  10. မောရှေ၏ ပညတ်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူ သည် အသေသတ်ခြင်းကို ခံစေဟု လာသတည်း။

  11. သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု တည်းဟူသော ကော်ဘန်ဖြစ်စေဟုဆို၏။

  12. ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရဟု မြစ်တား၍၊

  13. မိမိတို့အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပယ်ကြ၏။ ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။