Contracts အကြောင်း ကျမ်းစာအခန်းငယ်များ: Between Laban and Jacob for cattle
Between Laban and Jacob for cattle အကြောင်း အခန်းငယ်များ
လာဗန်က၊ သင်၏စိတ်နှင့် တွေ့ပါစေ။ ထာဝရ ဘုရားသည် သင်၏အကြောင်းကြောင့် ငါ့အား ကောင်း ကြီးပေးတော်မူသည်ကို ငါရိပ်မိပြီ။
ငါပေးရမည်အခကို ပြောပါ၊ ငါပေးမည်ဟု ဆိုလေသော်၊
ကျွန်ုပ်သည် အဘ၌ အဘယ်သို့ အစေခံသည် ကို၎င်း အဘ၏တိရစ္ဆာန်တို့သည် ကျွန်ုပ်၌အဘယ်သို့ ရှိနေသည်ကို၎င်း အဘသိပါ၏။
လာဗန်ကလည်း၊ အဘယ်အခကို ပေးရမည် နည်းဟု မေးပြန်လျှင်၊ ယာကုပ်က၊ ဘာကိုမျှမပေးပါနှင့်၊ ကျွန်ုပ်၌ကျေးဇူးတခု ပြုလိုလျှင်၊ အဘ၏သိုးစု၊ ဆိတ်စုကို တဖန်ကျွေးမွေးစောင့်ထိန်းပါဦးမည်။
ယနေ့သိုးစု၊ ဆိတ်စုတရှောက်လုံးကို ကျွန်ုပ် သွား၍၊ ပြောက်ကျား သောဆိတ်များ ညိုသော သိုးများ၊ ရှိသမျှတို့ကိုရွေးနှုတ်ခွဲထားပါမည်။ နောက်မှ ပြောက်ကျားသောဆိတ်၊ ညိုသောသိုးတို့သည် ကျွန်ုပ်၏ အခ ဖြစ်စေလော့။
သို့ဖြစ်၍၊ နောင်ကာလ၌ ကျွန်ုပ်၏အခသည်၊ အဘရှေ့သို့ ရောက်သောအခါ၊ ကျွန်ုပ်၏ဖြောင့်မတ်ခြင်း သည် ကျွန်ုပ်ကို စောင့်ရှောက်ပါလိမ့်မည်။ မပြောက် မကျားသော ဆိတ်၊ မညိုသောသိုး ရှိသမျှတို့ကို၊ ကျွန်ုပ်ခိုး သော အကောင်ဟူ၍ မှတ်စေလော့ဟု ဆိုလေ၏။
လာဗန်ကလည်း၊ သင်ပြောတိုင်းဖြစ်လော့ဟု ဝန်ခံ၍၊ ထိုနေ့၌ပင်၊ ပြောက်ကျားသော ဆိတ်ထီး၊ ပြောက်ကျားသောဆိတ်မ၊